У нас вы можете посмотреть бесплатно ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ ဇန်နဝါရီ-၂၃၊ ၂၀၂၆။ People's Spring ကမ္ဘာ့ ရွှေစျေး တရှိန်ထိုးတက်နေပြီး ပြည်တွင်းရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက် ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၃ ရက် စံချိန်တင် ကမ္ဘာ့ရွှေစျေးကတော့ တအောင်စ ၄,၉၅၅ ဒေါ်လာဖြစ်ပြီး မြန်မာ့ရွှေစျေးလည်း ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၁၀၂ သိန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာ့ ရွှေက ဒေါ်လာ ၅,၀၀၀ ကျော်မယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။ ပြီးခဲ့တဲ့ လကတော့ တအောင်စကို ဒေါ်လာ ၄,၃၀၀ ပဲရှိခဲ့တာလို့ ရွှေစျေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။ အဓိကတော့ ဒေါ်လာထက် ရွှေကို နိုင်ငံတော်တော်များများ စုလာကြတာကြောင့်လို့ သူက ဆက်ပြောပါတယ်။ ကမ္ဘာ့ရွှေအတက်စျေးကြောင့် ပြည်တွင်းရွှေစျေးကွက်မှာလည်း ဇန်နဝါရီ ၂၀ ရက်ကစလို့ ၁၆ ပဲရည် တကျပ်သားကို ကျပ်သိန်း ၁၀၀ စကျော်ခဲ့ပါတယ်။ လက်ရှိ ရွှေပေါက်စျေးကြောင့် ရွှေဆိုင်တွေနဲ့ ပြင်ပ ရွှေစျေးကွက်မှာ အရောင်းပိတ်တာ ဒါမှမဟုတ် အွန်လိုင်းငွေချေစနစ်ကို လက်မခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ပြည်တွင်း ရွှေစျေးကွက်အရ ဒီနေ့ မနက်ပိုင်း အဖွင့်စျေးက ၁၆ ပဲရည်တစ်ကျပ်သား အရောင်းဈေးကို ကျပ် ၁၀၂ သိန်း ဖြစ်ပြီး အဝယ်စျေးကို တစ်သိန်း ခွာထားတယ်လို့သိရပါတယ်။။ ၁၅ ပဲရည် တစ်ကျပ်သား ရောင်းစျေးက ကျပ် ၉၅ သိန်း နဲ့ ကျပ် ၉၆ သိန်း ကြားရှိပါတယ်။ မြန်မာနိုင်ငံမှာ ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့ အချက်တွေကြောင့်လို့ စီးပွားရေး ကျွမ်းကျင်သူတချို့က သုံးသပ်ထားပါတယ်။ မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကလက်သည်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းနေတာနဲ့ စံချိန်တင်ကမ္ဘာ့ရွှေ စျေးကြောင့်လို့ သုံးသပ်ထားကြပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA