У нас вы можете посмотреть бесплатно ပိတ်နေသောကံများ ပွင့်၍ အခက်အခဲမှန်သမျှကျော်လွှားအောင်မြင်မည့် စုံပွင့်စုံပေါက်ပဋ္ဌာန်းဂါထာတော်ကြီး или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စုံပွင့်စုံပေါက်ပဋ္ဌာန်း ပုတီးစိပ်နည်း အဓိဋ္ဌာန် 💮 ရွတ်ဖတ်ပူဇော် ပွားများနည်း📿📿📿📿 ++++++++++++++++++++++++++++++ 📝အစီစဉ်ဖတ်ရန် ။ 💐စုံ= စုံညီခြင်း၊ ပြည့်စုံခြင်း၊ ဘက်စုံဖြစ်ခြင်း ပွင့်=ပွင့်လင်းခြင်း ပွင့်လန်းခြင်း ပေါက် =ပေါက်မြောက်ခြင်း ၊ပေါက်ရောက်ခြင်း၊ ထွန်းပေါက်ခြင်းဟု အဓိပ္ပါယ် သက်ရောက်ပါသည်။ 💐ထို့ကြောင့် စုံပွင့်စုံပေါက် ဟူသည် ဘက်စုံ ပြည့်စုံစွာ ပွင့်လင်း ပေါက်ရောက်ခြင်း ဟု အဓိပ္ပါယ်ရပါတယ်။ ပဋ္ဌာန်း၂၄ ပစ္စည်း နှင့် မြတ်ဗုဒ္ဓ၏ဂုဏ်တော်(၉)ပါးတို့ အား ပူးတွဲရွတ်ပွားပူဇော်ရသော ကျင့်စဉ်နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ပဋ္ဌာန်စွမ်းအား နှင့် ဂုဏ်တော်တန်ခိုးတို့ကြောင့် စုံပွင့်စုံပေါက် ကြရစေ၏။ အစီအစဉ် ၁။🍀 ဘုရား၊တရား၊သံဃာ ရတနာ ၃ပါးအားရည်မှန်း၍ ဆွမ်းကပ်လှုခြင်း ပန်း ရေချမ်း ဆီမီး ကပ်လှုခြင်း။ (ဒါန ကောင်းမှု) ၂။🍀 သီလဆောက်တည်ခံယူခြင်း။ (၅)ပါးသီလသော်လည်းကောင်း (၈)ပါးသီလသော်လည်းကောင်း (၉)ပါးသီလ သော်လည်းကောင်း သီလတမျိုးမျိုးကို စောင့်ထိန်းပါ။ ၃။🍀 မိမိအိမ်တွင် စောင့်ရှောက်နေသော အိမ်စောင့်နတ်အားလုံးနှင့် တကွ မြင်အပ်မမြင်အပ်သောပုဂ္ဂိုလ်များအား တရားနာ ဖိတ်ကြားခြင်း။ ၄။🍀 မေတ္တာသုတ် ရွတ်ပွားခြင်း။ (မေတ္တာဘာဝနာပွားခြင်း) ၅။🍀 စုံပွင့် စုံပေါက် ပဋ္ဌာန်း ရွတ်ပွားခြင်း ၆။🍀 ရွတ်ပွားမှုကို မြင်အပ် မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား မေတ္တာပို့ အမျှပေးဝေခြင်း။ ၇။🍀 ပင့်ဖိတ်ထားသော ပုဂ္ဂိုလ်များအား ဆိုင်ရာဘုံဋ္ဌာန များဆီသို့ ပြန်ကြွရန် ပြန်ပို့ခြင်း ။ ဟူ၍ စနစ်တကျ ဆောင်ရွက်ရပါသည်။ 💠 ဆွမ်းကပ်လှုရာတွင် သက်သက်လွတ်ကပ် နိုင်ပါက ကပ်ပါ။ 💠 ထို့နောက် အလင်းတိုင် ၃ တိုင် သောက်တော်ရေ ၃ ခွက် အမွှေးတိုင် ၃ တိုင် တို့အား ရတနာမြတ် ၃ ပါးအားရည်မှန်း ၍ ကပ်လှုပေးရပါမည်။ 💠 မြင်အပ် မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား ပင့်ဖိတ်ခြင်း ဆိုရာတွင် မိမိအိမ်တွင် စောင့်ရှောက် နေသောအိမ်စောင့်နတ်အားလုံး နှင့်တကွ (၃၁)ဘုံ ကျင်လည်ကျက်စား၍ နေသော ကြား,ကြားသမျှ မြင်အပ် မမြင်အပ်ပုဂ္ဂိုလ် အပေါင်းတို့အား ပဋ္ဌာန်း တရားနာကြွရောက် ကြပါကုန်လော့ ။ 🌠ယခုအခါ မြတ်စွာဗုဒ္ဓ၏ ဂုဏ်တော် (၉) ပါး နှင့် ပဋ္ဌာန်း(၂၄) ပစ္စည်း ကို တွဲ၍ ကြားနာရခဲသော စုံပွင့်စုံပေါက် ပဋ္ဌာန်း ကို ရွတ်ပွားပူဇော်ပါတော့မည်။ ကြွရောက်ကြပါကုန်လော့ ဟု ဖိတ်ကြားနိုင်ပါသည်။ ထို့နောက်တွင် (၃၁) ဘုံသား အားလုံးစူးစိုက်၍ စိတ်ကြည်လင် လာအောင် မေတ္တာသုတ်တော်အား ရွတ်ပွားပေးတော်မူပါ။ 🌠ထို့နောက် ပဋ္ဌာန်း တော်အား ရတနာ ၃ ပါရည်မှုန်၍ (၃)ခေါက် သို့မဟုတ် ။ ဂုဏ်တော် ၉ ပါး ရည်းမှန်း၍ (၉)ခေါက် သို့မဟုတ် ပဋ္ဌာန်းတရား ရည်မှန်း၍ (၂၄) ခေါက် ရွတ်ပွားနိုင်ပါသည်။ အချိန်မပေးနိုင်ပါက (၃) ခေါက် ရွတ်ပွားသင့်ပါသည်။ အဓိဋ္ဌာန်တင်ပုံတင်နည်း 🌹 🌹 🌹 🌹 🌹 🌹 🌠ဘုရားတပည့်တော်/မသည် ဤ မည်သော (----------)ကိစ္စကြောင့် အောင်မြင်မှုကိုရရှိလိုပါ၍ #စုံပွင့်_စုံပေါက်_ပဋ္ဌာန်း အား (၃/၉) ခေါက်ကို နေ့စဉ် ရက်ပေါင်း (၉/၂၄)ရက် မပျက်မကွက် ပူဇော်ခြင်းပြုသော အဓိဋ္ဌာန်ကို ယနေ့မှစ၍ ထားရှိပါကြောင်း လျှောက်ထားအပ်ပါသည်။ 🌌ဤသို့ အဓိဋ္ဌာန်ထားသည့်အတိုင်း ယုံကြည်စွာဖြင့် ရွတ်ပွားပူဇော်ခြင်း အဓိဋ္ဌာန် ပြည့်စုံမှု့ရှိပါက ဘုရားတပည့်တော်၏ အလိုရှိသော (--------) ဤအရေးသည် အောင်မြင်ပါစေသတည်းဟု ဆုတောင်းအပ်ပါသည် အရှင်ဘုရား။ (( မှတ်ချက်။။ 🌠(၉)ခေါက် (၂၄)ရက် ရွတ်ပွားပြီးပါက တစ်ကဏ္ဍရပါသည်။ သုံးကဏ္ဍရပါက မည်မျှပင် ကံတွေပိတ်၍ အကြပ်တည်းကြုံနေပါစေ ကံပွင့်လင်း၍ ဘက်စုံမှထွန်း ပေါက်သော အကျိုးကို ရရှိခံစားရပါလိမ့်မည် ။)) 🌌ရွတ်ပွားမှုခေါက်ရေ ပြည့်ပီးပါ တရားနာ ကြွရောက်ကြ ကုန်သော မြင်အပ် မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား မိမိပြုခဲ့သော ဒါန၊ သီလ၊ သမာဓိ၊ မေတ္တာဘာဝနာ နှင့် ရွတ်ပွားပူဇော်မှုအစုစု တို့ကို အမျှ အမျှ အမျှ ပေးဝေပါ၏ဟု အသံထွက်၍ အမျှပေးဝေပါ။ 🙏သာဓု သာဓု သာဓု ခေါ်၍ ကြေးစည် ၉ချက် တီးပေးပါ။ ထို့နောက် ပင့်ဖိတ်ထားသော တရားနာ ကြွရောက် ကြကုန်သော ပုဂ္ဂိုလ် အပေါင်းတို့အား မိမိတို့ နေရာ ဌာနဘုံ ဗိမာန်အသီးသီးသို့ ပြန်လည် ကြွရောက်ရန် ပြန်ပို့ဆောင်ပေးပါ။ #dhamma #နေ့စဉ်နာယူရန် #တရားတော်များ #ဂါထာတော်များ #လာဘ်ပွင့်လာဘ်ရွင်