У нас вы можете посмотреть бесплатно 4 Leaf - A YOON x SYRUS [ Official Music Video ] или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
4 Leaf Clover ဆိုတာ သာမန်တွေ့ရတဲ့ 3-leaf clover ထဲကနေအလွန်ရှားရှားပါးပါး ပေါ်လာတဲ့ အရွက် ၄ ရွက်ပါတဲ့ clover တစ်မျိုးပါ။ ကံကောင်းခြင်းရဲ့သင်္ကေတပေါ့ 1. Faith – ယုံကြည်မှု 2. Hope – မျှော်လင့်ချက် 3. Love – ချစ်ခြင်းမေတ္တာ 4. Luck – ကံကောင်းခြင်း • 4-leaf clover တစ်ရွက်တွေ့ဖို့အရွက် 10,000 လောက်မှာ 1 ရွက် လောက်ပဲ ဖြစ်နိုင်တယ်တဲ့ ဒါကြောင့်တွေ့ရင် “ကံကောင်းတယ်” လို့ ခံစားကြတာပါ။မင်းလဲမင်းဘဝလေးတိုးတက်ဖို့ပိုကောင်းတဲ့အနာဂတ်တွက်ရေမြေခြားမှာကြိုးစားနေပါပြီလေ။ချစ်တဲ့စိတ်တစ်ခုထဲနဲ့ပြန်လာပါလို့တသသခေါ် ရအောင်လဲကိုယ့်ချစ်ခြင်းတွေကပိုင်ဆိုင်ရဖို့ဆိုတာထက်မင်းတောက်ပနေတာလေးကိုမုဒိတာပွါးမဲ့သူပါကွယ်။ဪဒါနဲ့ရှေးလူကြီးတွေရဲ့အချစ်ကမြဲတယ်၊သစ္စာရှိတယ်၊ဖြူစင်တယ်တဲ့။ဒါကြောင့်ရှေးလူကြီးတွေရဲ့အချစ်ကို 4leaf နဲ့ခိုင်းနှိုင်းကြတယ်။အခုယွန်းရေးထားတဲ့ဒီစာလေးကိုဖတ်နေတဲ့သူလဲရှေးလူကြီးတွေလိုချစ်တတ်ပါစေနော်။အနောက်တိုင်းအယူဆဟောင်းအရ 4leaf သင်္ကေတအသုံးအဆောင်လေးတစ်ခုကိုကိုယ်နဲ့အတူဆောင်ထားရင်စစ်မှန်တဲ့ချစ်သူ (True Love) နဲ့တွေ့ဆုံနိုင်တယ်လို့တောင်ယုံကြည်မှုရှိကြတယ်။ နှစ်ပေါင်းများစွာခွဲခွါပြီးနောက်မင်းနဲ့ငါ ပြန်ဆုံရရင်အဲ့တာ”ကံကောင်းခြင်းလေ။သိပ္ပံနည်းကျ ပြောရရင်တော့ဒါကမျိုးရိုးဗီဇ ဖောက်ပြန်တာပဲ။အပင်ပေါင်းတစ်သောင်းမှာ တစ်ပင်လောက်ပဲ ရှိတာကိုငါတို့ကဘယ်လိုလုပ် ရှာတွေ့မှာလဲလို့မေးလာရင်။တစ်သောင်းမှာတစ်ပင်ပဲ ရှိလို့လည်း တန်ဖိုးရှိတာပေါ့ကွယ်။အဲဒီလိုရှားပါးတဲ့ ကံကောင်းခြင်းမျိုးကိုလိုချင်မိတာဟာဆန္ဒဖြစ်ပြီး မင်းဘဝလေးတိုးတက်ဖို့အချစ်နဲ့ pressure မပေးတာဟာမေတ္တာဖြစ်တယ်။ပြေးတွေ့ဖို့လဲမလွယ်၊အဆက်သွယ်ရဖို့လဲမလွယ် ကိုယ်စီအိမ်မက်တွေနောက်ကိုလိုက်နေရင်း ဆိုင်သူရှိသွားခဲ့ရင်လဲပြုံးရုံပေါ့။ဘယ်သူနဲ့တွေ့တွေ့သစ္စာရှိရှိချစ်ပါ။ညနက်တွေထဲအတွေးတွေစစ်ခင်းတဲ့အချိန် မီးပိတ်လိုက်တာနဲ့ခေါင်းထဲမှာအတွေးပေါင်းစုံကခုန်နေပြီး မိုးလင်းခါနီးမှ ပင်ပန်းနွမ်းနယ်စွာနဲ့အိပ်ပျော်သွားတတ်တယ်။အဲ့ဒီအတွေးတွေထဲကတစိတ်တဒေသနဲ့ဘဲဒီသီချင်းလေးကိုပုံဖော်ဖြစ်ခဲ့တယ်။ @ချစ်တယ် ဆိုတဲ့စကားက နောက်ကွယ်မှာအရန်းတာဝန်ကြီးတယ်တဲ့။ကိုယ့်ရဲ့ချစ်ခြင်းတွေကမင်းအတွက် pressure မဖြစ်စေချင်ဘူး။အိမ်မက်တွေကိုအကောင်ထည်ဖော်ပါနော်။နေသားကျသွားမဲ့ရက်တွေရှိကောင်းရှိနိုင်ပေမဲ့သတိရတယ်။ဒီသီချင်းကိုနားထောင်ပြီးကိုယ့်မေတ္တာရဲ့အနှစ်သာရကိုမင်းနားလည်ပါစေ။ *စိမ်းလဲ့လဲ့ မြက်ခင်းမှာ ဖုံးကွယ်နေတဲ့ လျှို့ဝှက်ချက်တစ်ခု ပုံမှန်ထက် ပိုတဲ့ အရွက်တစ်လွှာကို ငါ အသည်းအသန် ရှာဖွေခဲ့ဖူးတယ်။ ပထမတစ်ရွက်က "ယုံကြည်ခြင်း" တဲ့ ဒုတိယရွက်ကတော့ "မျှော်လင့်ခြင်း" တတိယမြောက်မှာ "မေတ္တာ" တွေ ကိန်းဝပ်လို့ ရှာတွေ့ဖို့ခက်ခဲတဲ့ ရှားပါးမှုတစ်ခု။ ဒါဆို စတုတ္ထမြောက်အရွက်က ဘာလေးလဲ —?comment မှာရေးသွားပြီး အဝေးရောက်ချစ်ရသူတွေနဲ့ပြန်လည်ဆုံရပါစေလို့ဆုတောင်းပေးပါတယ် ရှင့်🪼 🤍🍀 #4Leaf #ayoon #newsong #music #yourJellyfish