У нас вы можете посмотреть бесплатно C (13) - "ရှိပြီးသားပညာ" တရားတော် အပိုင်း(၁) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
🏵️ ယနေ့ (၉/၁/၂၀၂၂)ရက်နေ့ မြတ်ဆရာ ဦးမောင်မောင် နိဗ္ဗာန်စံဝင်သွားသည်မှာ ငါးလတိတိပြည့်ခဲ့ပါပြီ။ 🏵️ ဆရာချမှတ်လမ်းပြခဲ့သော ဝိမုတ္တိ လမ်းကြောင်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းရင်း မှတ်သားဖွယ်ရာ စကားစုလေးကို WTC မိတ်ဆွေများအတွက် တင်ပြရင်း မြတ်ဆရာကို လက်ဆယ်ဖြာမိုး၍ ဦးခိုက်လိုက်ရပါတယ်🙏🙏🙏 🏵️ ဤဓမ္မသာကစ္ဆာ တရားဆွေးနွေး ဟောပြောပို့ချချက်များမှာ တပည့်သာဝက တစ်ဦး၏ နေအိမ်တွင် (၂၆/၈/၂၀၁၇)ရက်နေ့က ပြုလုပ်ခဲ့သော တရားပွဲဖြစ်ပါသည်။ 🏵️ ရှိပြီးသားပညာကို ဆရာဦးမောင်မောင် ရေးသားခဲ့သော "မီးထဲမှာပွင့်သော ကြာ" စာအုပ်ထဲမှ WTC ပရိတ်သတ် များကို ကောက်နုတ် တင်ပြလိုက် ပါသည်။ 🏵️ ရှိပြီးသားပညာ 🏵️ 🏵️ အဝိဇ္ဇာမကင်းလျှင် အာရုံတွင်ပေါ်သော ဓမ္မတရားအားလုံး သည် လောကီစိတ်၊ စေတသိက်များသာဖြစ်၍ ကိလေသာအစဉ် ရှိသဖြင့် ဒုက္ခ အစဉ်ရှိနေပါသည်။ သစ္စာလေးပါးအား တပြိုင်တည်းသိမြင်ခွင့်ရသူများအဖို့မူ အာရုံတွင်ပေါ်သမျှသည် အဖြစ်တရား တစ်ခုသာမှန်၍ အရှိတရား မဟုတ်သောကြောင့် တရားအားလုံး စင်ကြယ်နေကြောင်း သိမြင်ပြီးလျှင် ဒုက္ခအပေါင်း ချုပ်ဆုံး နေကြပါသည်။ 🏵️ ဒုက္ခအစဉ်ကုန်ဆုံးနေသော နိရောဓသစ္စာ နိဗ္ဗာန်သည် အသင်္ခတ ဟု အဓိပ္ပါယ်ရသဖြင့် မည်သည့်အကြောင်းတရားကမှပြုပြင်၍ မရသလို မိမိကိုယ်တိုင် ပြုပြင်နိုင်ခြင်းကင်းပါသည်။ 🏵️ ဥဒါန်းပါဠိတော်မှာ - နိဗ္ဗာန်ကို ✅ အဇာတ ✅ အဘူတ ✅ အကတ ✅ အသင်္ခတ ဆိုပြီး ဟောခဲ့ပါသည်။ 🏵️ အကတဆိုတာ အကြောင်းအကျိုးကင်းခြင်းကို ခေါ်ပါ ပါတယ်။ 🏵️ ဒုက္ခကုန်ဆုံးအောင် ပြုလုပ်ထားသူမရှိပါ။ ဒုက္ခအစဉ် ကုန်ဆုံးသည်ကိုသိသောဉာဏ်သည် ကုန်ဆုံးအောင်အားမထုတ်ရပဲ ကုန်ဆုံးရာနှင့် နေနိုင်သွားပြီ ဖြစ်ပါတယ်။ ပေါ်သမျှ အာရုံတို့ကိုစင်ကြယ်အောင် အားထုတ်စရာမလိုဘဲ သဘာဝစင်ကြယ်နေကြောင်းသိမြင်ပါက စင်ကြယ်ခြင်းတရားနှင့်အတူ နေနိုင်သွားပါသည်။ ထိုသို့ အာရုံတရားအားလုံးသဘာဝ သူ့သဘောအတိုင်း မူလကတည်းက စင်ကြယ်နေကြသည်ကို သိမြင်သောပညာမှာလည်း ရှိပြီးသားပညာ သာဖြစ်ပါသည်။ 🏵️🏵️🏵️ 🏵️ တရားပြသူဆရာမှာလည်း ခန္ဓာဝန်ချပြီးဖြစ်သလို တရားမေး တရားနာ ပရိသတ်အချို့မှာလည်း အသီးသီး ကျွတ်တမ်းဝင်ပြီး ဖြစ်ကြပါသည်။ 🏵️ WTC ၏ ပရိသတ် ဓမ္မမိတ်ဆွေများအနေနှင့် ပုဂ္ဂိုလ်ကိုမမြင် တရားကိုသာ ဆင်ခြင်နှလုံးသွင်းရင်း တရားထူးတရားမြတ်များ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ကြပါစေ။ 🏵 ဝယဓမ္မသင်္ခါရာအပ္ပမာဒေးနသမ္မာဒေထ 🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု 🏵️ တရား အပိုင်း(၂)ကို (၁၆/၁/၂၀၂၂) တနင်္ဂနွေနေ့ တွင် ဆက်လက်တင်ပြပါမည်။