У нас вы можете посмотреть бесплатно ပြသာနာဖြေရှင်းနည်း problem solving 101 audio book или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီစာအုပ်ရဲ့ စာရေးဆရာ ကန် ဝါတာနာဘေး (Ken Watanabe) ဆိုတာ တစ်ချိန်က ကမ္ဘာကျော် McKinsey & Company ရဲ့ စီးပွားရေးအကြံပေးတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ စီးပွားရေးလောက ကို ကျောခိုင်းပြီး သူဝါသနာပါတဲ့ သင်ကြားရေးပိုင်းကို ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ စာရေးသူက ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးတွေကို နှစ်ပေါင်းများစွာ အကြံပေးလာတဲ့ အတွေ့အကြုံအရ ပြဿနာကို ဖြေရှင်းတတ် တဲ့စွမ်းရည်က စီးပွားရေးလောကမှာရော နေ့စဉ်ဘဝအတွက်ပါ အရေးအကြီးဆုံး ဆိုတာကို သဘောပေါက်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဒီလောက်အရေးကြီးတဲ့ ပညာရပ်ကို ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တာမျိုး မ ရှိပါဘူး။ ဒါကြောင့် သူက ကမ္ဘာ့အဆင့်ခေါင်းဆောင်တွေ အသုံးပြုနေတဲ့ စနစ်တကျ စဉ်းစားတွေးခေါ်နည်း (structured thinking) ကို ကလေးအရွယ်က စတင်ပြီး သင်ကြားပေးနိုင်ဖို့ ဒီစာအုပ်ကို ရေးသားခဲ့တာဖြစ် ပါတယ်။ ရလဒ်ကတော့ ဂျပန်နိုင်ငံမှာ ပြောစမှတ် တွင်သွားတဲ့အထိ ရောင်းအားအကောင်းဆုံး စာအုပ်တစ် အုပ် ဖြစ်ခဲ့သလို ကမ္ဘာတစ်ဝှမ်းက စာဖတ်သူတွေအတွက်ပါ အကျိုးရှိစေတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ ဖတ်ရှုလေ့လာသွားရမဲ့ "Problem Solving 101” စာအုပ်ရဲ့ အနှစ်ချုပ်ကိုတော့ ရွေနုတ်ပရိသတ်တွေ အတွက် အကောင်းဆုံးလေ့လာဖတ်မှတ်နိုင်အောင် အခန်း လေးခန်း ခွဲခြားဖော်ပြသွားမှာဖြစ်ပါတယ်။ အခန်း-၁ : ပြဿနာတွေကို အဖြေရှာမယ်ဆိုတဲ့ ခံယူချက် အခန်း-၂ : ပြဿနာတွေကို နားလည်သဘောပေါက်ခြင်း အခန်း-၃ : အတွေးတွေကို အလုပ်ဖြစ်အောင် ပြောင်းလဲခြင်း အခန်း-၄ : ပြဿနာဖြေရှင်းရန် တခြားသူများကို သင်ကြားပေးခြင်း Credit: မူရင်းရေးသားသူ #burmalibrary #myanmar #burmese