У нас вы можете посмотреть бесплатно အလွန်ဉာဏ်နည်းပြီးစာတကြောင်းကိုပင်မှတ်မိရန်ခက်ခဲသော ရှင်စူဠပန္တကမထေရ်အကြောင်းတရားတော် [ရှင်ဣန္ဒာစရိယ] или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စူဠပန္တကမထေရ်သည် ရာဇဂြိုဟ်မြို့၌ မွေးဖွားခဲ့သည်။သူ၏အစ်ကိုမှာ မဟာပန္တကမထေရ် ဖြစ်သည်။မိခင်သည် အိမ်ထောင်ရှင်သားတစ်ဦးနှင့် ချစ်ကြိုက်၍ မိဘထံမှ ခွဲထွက်သွားခဲ့ရာ လမ်းမပေါ်တွင် မွေးဖွားခဲ့သဖြင့် အစ်ကိုကို “မဟာပန္တက” (လမ်းကြီးတွင် မွေးသူ) ညီကို “စူဠပန္တက” (လမ်းငယ်တွင် မွေးသူ) ဟု ခေါ်ဝေါ်ကြသည်။ မဟာပန္တကမထေရ်သည် ပထမဦးဆုံး ဘုရားရှင်ထံတွင် သာသနာဝင်ခဲ့ပြီး အရဟတ္တဖလ် ရရှိခဲ့သည်။ထို့နောက် စူဠပန္တကကိုလည်း သာသနာဝင်စေခဲ့သည်။သို့ရာတွင် စူဠပန္တကမှာ ဉာဏ်ရည်နည်းပြီး စာတစ်ကြောင်းကိုတောင် မမှတ်မိနိုင်သူ ဖြစ်ခဲ့သည်။မဟာပန္တကမထေရ်သည် ညီအား “ရဇောဟရဏံ” (ဖုန်ကို ဖယ်ရှားခြင်း)ဟူသော စာကြောင်းတစ်ကြောင်းကို သင်ပေးခဲ့သည်။သို့ရာတွင် စူဠပန္တကသည် လေးလကြာအောင် သင်ယူသော်လည်း မမှတ်မိနိုင်ခဲ့ သဖြင့် မဟာပန္တကမထေရ်မှ ထွက်ခွာခိုင်းခဲ့သည်။စူဠပန္တကသည် စိတ်မကောင်းဖြစ်ကာ ထွက်သွားမည်ဖြစ်စဉ်တွင်ဘုရားရှင်သည် ကရုဏာတော်ဖြင့် ခေါ်ယူပြီးအဝတ်ဖြူတစ်စုတ်ပေးကာ“ရဇိုဟရဏံ” ဟု ဆက်လက် ထပ်မံဆိုစေခဲ့သည်။အဝတ်ကို လက်ဖြင့် ပွတ်တိုက်ရာမှအဝတ်သည် ဖုန်ညစ်လာသည်ကို မြင်ပြီး“ခန္ဓာကိုယ်နှင့် စိတ်သည်လည်း အညစ်အကြေးများကြောင့် ပြောင်းလဲပျက်စီးသည်” ဟု သဘောပေါက်ခဲ့သည်။ ထို့မှတစ်ဆင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို သိမြင်ပြီး အရဟတ္တဖိုလ် ရရှိခဲ့ပုံအကြောင်းတရားတော်ကို ဒေါက်တာအရှင်ဣန္ဒာစရိယ (သီတဂူ) မှ ဟောကြားထားသောတရားတော်ဖြစ်ပါသည်။ မင်္ဂလာပါခင်ဗျာ ဤချန်နယ်တွင် ဆရာတော်ဘုရားကြီးများဟောကြားသော တရားတော်များ နှင့် ▶️စိတ်၀င်စားဖွယ်ရာ ဘုရားသမိုင်းကြောင်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများ၊ ဗုဒ္ဓဘာသာဆိုင်ရာဇာတ်တော် အကြောင်းအရာများကို ▶️ပရိတ်၊ ပဌာန်း စသည့် တရားဓမ္မနှင့်ပတ်သတ်သည့် Video ,များကိုနေ့စဉ်မပျက်မကွက် တင်ဆက်ပေးနေတာကြောင့် Subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ #ဓမ္မဒါန #တရားတော်များ # ပါချုပ်ဆရာတော်#သစ္စာရွှေစည်ဆရာတော် #အရှင်ကောဝိဒ#ပရိတ်ကြီး၁၁သုတ်#ပဌာန်း#videoedit#Buddha#Dhamma#Tayar #ဦးသုမင်္ဂလ #ဥူးသုမင်္ဂလ #ဒယ်အိုးဆရာတော် #သမိုင်းကြောင်း #ဗုဒ္ဓဝင် #ရှေးဟောင်းယဉ်ကျေးမှု #Historical #Bagan #documentary #သီတဂူကြယ်တပွင့် #သီတဂူ #ရှင်ဣန္ဒာစရိယ