У нас вы можете посмотреть бесплатно Norway Where Mountains Meet Ocean или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
လူတွေမှာ အကြိုက်မတူကြပါဘူး။ ခရီးထွက်တာ ကြိုက်တဲ့သူတွေမှာဆိုရင်လည်း အကြိုက်တွေ အမျိုးမျိုးရှိကြတယ်။ မြို့ကြီးတွေကို သဘောကျတာ၊ တောတောင်တွေကို ခုံမင်တာ၊ အစားအစာ၊ လူမျိုးစုံစတဲ့ ပုံစံအမျိုးမျိုးကို နှစ်သက်တာမျိုးတွေပါ။ ကျနော်ကတော့ အရင် မြို့ကြီးတွေကို ရောက်ဖူးချင်ခဲ့ပေမယ့် အခု တောတောင် သဘာ၀တွေကို ပိုနှစ်သက်လာပါတယ်။ အေးချမ်းတဲ့ သဘာ၀၊ ကြည့်မ၀တဲ့ တောတောင်တွေဟာ ဘ၀ အမောတွေကို ပြေစေပါတယ်။ ၂၀၂၂ခုနှစ်ရဲ့ နွေရာသီမှာ နော်ဝေးနိုင်ငံကို ရောက်ဖြစ်ခဲ့ဆိုရင်ပဲ လှပဲတဲ့ သဘာ၀တွေကို တ၀ကြီး ခံစားခဲ့ရပါတယ်။ တဘက်က ပင်လယ် တဘက်ကတောင်တန်းတွေရဲ့ ကြားမှာ ဖောက်ထားတဲ့ တောင်ပေါ်လမ်းတွေ၊ တည်ထားတဲ့ မြို့လေးတွေက နော်ဝေးနိုင်ငံရဲ့ ပြယုဒ်သဖွယ်ဖြစ်နေပါတယ်။ တောနက်နက်ကြီးတွေမရှိပဲ ကျောက်တောင်ကြီးတွေသာ ပေါများလှတဲ့ နော်ဝေဟာ အန္တရာယ်ရှိတဲ့ သားကောင်တွေ နည်းပါတယ်။ မြေခွေ၊ ဝံပုလွေတွေ ကျက်စားတာ ရှိပေမယ့် အမေရိကမှာလို ဝက်ဝံ၊ တောင်ခြင်္သေ့ စတဲ့ လူကို တိုက်ခိုက်တတ်တဲ့ အကောင်တွေ မရှိပါဘူး။ နော်ဝေးရဲ့ နွေရာသီဟာ အပူမပြင်းလှပဲ ချမ်းစိမ့်စိမ့်လေးတောင်ဖြစ်မယ်။ တောင်တန်းတွေပေါ်မှာ နှင်းတွေတောင် ကျန်ရှိနေပါသေးတယ်။ နှင်းခဲတွေ ပျော်ကျရာကနေ စီးလာတဲ့ ရေတွေဟာ တောင်စောင်းတွေပေါ်ကတဆင့် ရေတံခွန်ပေါင်း အမြောက်အမြားကို ဖြစ်ပေါ်စေပါတယ်။ နော်ဝေးမှာ သန့်ရှင်းလတ်ဆတ်တဲ့ လေနဲ့ သောက်ရည်ကို အလွယ်တကူ ရနိုင်ပါတယ်။ ရေနံကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတခုဖြစ်သလို ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ နွေရာသီ နေမဝင်တဲ့ နိုင်ငံတွေထဲမှာ နော်ဝေလည်းပါတယ်။ နေဝင်သွားရင်တောင် အလင်းရောင်က ကျန်နေခဲ့ပြီး နေပြန်ထွက်လာတဲ့ အထိ ရှိနေတတ်ပါတယ်။ သင်ဟာ မြို့ပြတွေမှာ ရှင်သန်ရုန်းကုန်နေရပြီး စိတ်ကုန်နေတယ်ဆိုရင်တော့ နော်ဝေရဲ့ သဘာ၀ကို သွားရောက်ခံစားကြည့်လိုက်ပါ။ တောင်ပေါ်တွေ သွားမယ်ဆိုရင်တော့ ဖိနပ်နဲ့ အနွေးထည် ကောင်းကောင်းလိုပါတယ်---- Music: / @zawstory Camera: iPhone13 PrO and Fujifilm XT3 Instagram: Zaw Story