У нас вы можете посмотреть бесплатно ■ သိုင်းငင် စစ်ကောင်စီစခန်း တိုက်ခိုက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
■ သိုင်းငင် စစ်ကောင်စီစခန်း တိုက်ခိုက် ~~~~ The Mindat Post ဇူလိုင် ၁၇၊ ၂၀၂၃၊ တီးတိန် တီးတိန်မြို့နယ်၊ သိုင်းငင်စစ်ကောင်စီ ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့တယ်လို့ CDF Civic Defense Militia Siyin က ဇူလိုင် ၁၁ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၁ ရက် မနက် ၅ နာရီကျော်မှာ ချင်းဒေသကာကွယ်ရေးတပ်ပေါင်းစု (CDF CDM SIYIN, PDF Zoland+ B5 ME, CNDF, TCDF,KKG B7, PDA နှင့် PDF Kalay, S2 အဖွဲ့) က ဝင်ရောက် စီးနင်းခဲ့တာပါ။ ၇ နာရီနီးပါးကြာတဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား။သေ။ဆုံးခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။ သိုင်းငင်စခန်းသိမ်းတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ပေါင်းစုရဲဘော် ၄ ဦးကျပြီး ၂ ဦး (မစိုးရိမ်) ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ သိုင်းငင်ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF Civic Defense Militia Siyin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇူလိုင် ၁၁ ရက်နေ့ တီးတိန်မြို့နယ်၊ သိုင်းငင် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ The Mindat Post အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ #themindatpost #CDFCivicDefenseMilitiaSiyin #chinstatenews #whatshappeninginchinstate #whatshappeningnowintiddim