У нас вы можете посмотреть бесплатно လွန်ခဲ့သော နှစ် ၃၀ ကျော်က အညတရသူရဲကောင်းတစ်ဦးနဲ့ မတင်မိုးလွင် စကားလက်ဆုံ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
လွန်ခဲ့သော နှစ် ၃၀ ကျော်က အဖြစ်အပျက်ကြီးတစ်ခုမှာ ပါဝင်ခဲ့တဲ့ အညတရသူရဲကောင်း တစ်ဦးနဲ့ မတင်မိုးလွင် စကားလက်ဆုံကျထားတာဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ အာဇာနည်ကုန်းဖောက်ခွဲမှုနောက်ဆက်တွဲ ဇာတ်လမ်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က နိုင်ငံတော်သမ္မတကြီး ဦးစန်းယုရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို လာရောက်တဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မြောက်ကိုရီးယားအစိုးရ တာဝန် ပေးထားသူတွေက လုပ်ကြံဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အာဇာနည်ကုန်းမှာ ဗုံးဖောက်ခွဲခဲ့တာမှာ သမ္မတ ချန်ဒူးဝှမ်မရောက်မီ ပေါက်ကွဲခဲ့တာဖြစ်လို့ ဧည့်သည်တော်အဖွဲ့ ၁၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့တာပါ။ မြန်မာနိုင်ငံသား ၃ ဦးလည်း သေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီလို လုပ်ကြံမှုကိုကျူးလွန်ခဲ့တာကတော့ မြောက်ကိုရီးယားနိုင်ငံသား သုံးဦးဖြစ်တဲ့ ဇင်ဘို၊ ကင်မင်ချူးနဲ့ ဆင်ကီချူးဆိုသူတွေ ဖြစ်ပါတယ်။ သူတို့သုံးဦးအနက် ဇင်ဘိုကို ပုစွန်တောင်ချောင်းအနီးမှာ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်နှစ်ဦးကိုတော့ အရှင်တစ်ယောက် အသေ တစ်ယောက်ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီနေ့မတင်မိုးလွင်နဲ့စကားလက်ဆုံကျထားတဲ့ ဦးစိုးငြိမ်းဟာ အဲဒီ့ ကင်မင်ချူးနဲ့ ဆင်ကီချူးတို့ကို ဖမ်းမိနိုင်ဖို့ စွမ်းစွမ်းတမံကြိုးစားခဲ့သူတွေထဲကတစ်ဦးဖြစ်ပါတယ်။ 7Day TV က နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့ညတိုင်းမှာ တင်ဆက်နေတဲ့ တင်မိုးလွင်နဲ့ စကားလက်ဆုံ Tin Moe Lwin Talk Show ကို နောက်အပတ်တွေမှာလည်း ပုံမှန်တင်ဆက်သွားမှာဖြစ်ပါတယ်။