У нас вы можете посмотреть бесплатно ထားဝယ် ပန်နီဆူလာ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ထားဝယ်ဒေသရဲ့အကျော်ကြားဆုံးအစိတ်အပိုင်းက ထားဝယ်ကျွန်းဆွယ်ဒေသ (သို့မဟုတ်) ထားဝယ် ပန်နီဆူလာ လို့ခေါ်တဲ့ဒေသလေးပဲဖြစ်ပါတယ်။ အဓိကကျော်ကြားရတဲ့အကြောင်းရင်းကတော့ အဲ့ဒီမှာ အင်မတန်လှပပြီး ဟိုတယ် တယ်ခိုခန်းတွေ စားသောက်ဆိုင်တွေ မယ်မယ်ရရမရှိသေးတဲ့ လူတွေလည်းအရောက်အပေါက်နည်းနေသေးတဲ့ အလွန်ကြည်လင်ပြာလဲ့နေတဲ့ပင်လယ်ကြီးကို သဘာဝအတိုင်း ရှိနေသေးလို့ပဲဖြစ်ပါတယ်။ သစ်တောအုပ်ကြီးရယ် သဲဖြူဖြူလေးတွေရယ်နဲ့ သဘာဝအလှကိုအပြည့်ခံစားနိုင်မယ့်နေ ရာဖြစ်ပါတယ်။ ထားဝယ်ရောက်လို့ သွားလည်လို့ရမယ့်ကမ်းခြေတွေက တီဇစ်ကမ်းခြေ၊ ဆင်းထောင့်ကမ်းခြေ၊ ကျောက်တွင်းကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ရှမ်းမော်ကမ်းခြေ၊ Samaria Bay လို့ခေါ်တဲ့မျှော်ရစ်ကမ်းခြေ၊ သရော့ကမ်းခြေ တွေဆီသွားလို့ရပါတယ်။ ဒီလိုကမ်းတွေတွေအများကြီးရှိတဲ့ ထဲကမှ Authentic Travel ကနေ ပရိတ်သတ်ကြီးကို ဖိုးဖိုးကျောက် ကမ်းခြေ နဲ့ မြင်းခွာအော်ကမ်းခြေတွေစီကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ အပြန်မှာတော့ ထားဝယ်ပန်နီဆူဘာ အငူ အစွန်ဆုံးအပိုင်းမှာရှိတဲ့ မြတ်ရှင်မော်ဘုရားတွေဆီ လည်း သွားခဲ့ပါသေး တယ်။ ဖိုးဖိုးကျောက်ကမ်းခြေ ထားဝယ်မြို့ကနေ ၄၅ မိနစ်လောက်ကားစီးပြီးရင်တော့ အလှဆုံးကမ်းခြေလို့တောင်ပြောရမယ့် ဖိုးဖိုးကျောက်ကမ်းခြေကိုရောက်မှာပါ။ ကမ်းခြေရောက်ဖို့တော့ ကားလမ်းဆုံးတာနဲ့ တံငါရွာလေးကနေ ဆိုင်ကယ် ၁၅ မိနစ်လောက်စီးရပါဦးမယ်။ လမ်းကနည်းနည်းကြမ်းတယ်ဆိုပေမယ့် ရောက်သွားတာနဲ့ မြင်ရမယ့် မြင်ကွင်းက ရင်သက်ရှုမောစရာပါပဲ။ ကမ်းခြေတစ်ခုလုံးက ဒေသခံတွေခေါ်တဲ့ ကတ္တီပါသဲနုတွေက ကမ်းခြေတစ်ခုလုံး ဖွေးနုနေအောင်ဖုန်းလွှမ်းထားတာပါ။ သဲကဖြူသလို ရေကလဲကြည်လင်လွန်းလှပါတယ်။ လူသူအရောက်အပေါက်နည်းသေးတဲ့ ကမ်းခြေဖြစ်လို့ ဟိုတယ် ဘန်ဂလို စားသောက်ဆိုင်ဆိုတာက ရှားမှရှားပါ။ ဒီတော့ သွားဖို့ရွည်ရွယ်ထားရင်တော့ သောက်စရာရေ စားစရာတွေနဲ့ နေပူပူမှာရှုခင်းကြည့်ဖို့တော့ အမိုးအကာ အခင်းတွေတော့ ယူသွားသင့်ပါတယ်။ ဖိုးဖိုးကျောက်ကမ်းခြေက ကမ်းခြေတွေကတင်လှတာမဟုတ်ပါဘူး ထားဝယ် ပန်နီဆူလာကိုသွားတဲ့ လမ်းလေးကိုကတင် အရမ်းကိုလှပါတယ်။ လမ်းတစ်လျှောက် အရမ်းလှတဲ့ view Point လေးတွေရယ် လမ်းဘေးတင်ပေါက်နေတဲ့ဒီရေတောတွေရယ် လမ်းမပေါ်ကနေလှမ်းမြင်နေရတဲ့ပင်လယ်ကြီးရယ် ပင်လယ်ကြီးအလယ်က ကျွန်းလေးတွေရယ် တချို့နေရာလေးတွေမှာဆို တောအုပ်လေး ထဲဖြတ်သွားတာရယ်ကြောင့် လမ်းခရီးကိုကအရမ်းကို ဆွဲဆောင်မှုရှိပါတယ်။ မြင်းခွာအော်ကမ်းခြေ ဖိုးဖိုးကျောက်ကမ်းခြေအလှတွေခံစားပြီး အဝနားပြီးပြီဆိုရင်တော့ နောက်ထပ်ကမ်းခြေတစ်ခုစီ ခြေဆန့်ကြမယ်။ ဖိုးဖိုးကျောက်မှာပဲ တနေကုန်နေချင်တယ်ဆိုလဲ နောက်နေ့မှသွားလို့ရပါတယ်။ မြင်းခွာအော် ကမ်းဖြေက ဖိုးဖိုးကျောက်လောက်မလှပေမယ့် ခရီးတစ်ထောက်နား လို့ကောင်းပါတယ်။ အရင်ကလှပတဲ့ကမ်းခြေဖြစ်ခဲ့ပြီး ကားလမ်းမနဲ့အနီးဆုံးနေရာမှာရှိတာကြောင့် လူသွားထူထပ်တဲ့နေရာဖြစ်ခဲ့တာပါ။ အရင်က ကမ်းခြေမှာ ဟိုတယ်တစ်လုံးရှိခဲ့ပေမယ့် တရားဝင်ခွင့်ပြုချက်မရလို့ ပိတ်ပစ်ခဲ့ရပါတယ်။ လူသွားလူလာများပြီး လမ်းနဲ့နီးတဲ့နေရာဖြစ်သလို ထိန်းသိမ်းမယ့်လူတွေ မရှိတော့တာကြောင့် ကမ်းခြေရဲ့ အလှအပကတော့ ပျက်စီးစပြုနေတာပါ။ တောင်ဖက်စွန်းက ရှင်မော်ဘုရား ကမ်းခြေတွေမှာ တစ်နေကုန် အပန်းဖြေပြီးရင်တော့ တစ်လမ်းတည်းမှာရှိတဲ့ မြတ်ရှင်မော်ဘုရားသွားဖူးကြမှာပါ။ မြတ်ရှင်မော်ဘုရားက ထားဝယ်မြို့ရောက်ရင် မဖြစ်မနေဖူးမျှော်ကြတဲ့ ရှင်ကိုးရှင်ထဲမှာ အပါအဝင်ဖြစ်တဲ့ ဘုရားတစ်ဆူပါ။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ကားလမ်းမပေါက်တဲ့အတွက် မြတ်ရှင်မော်ဘုရားကိုလာမယ်ဆိုရင် ရေလမ်းခရီး ပင်လယ်ထဲကနေ လာရတာပါ။ အခုတော့ ကားလမ်းဖြူးဖြူးနဲ့ ဆိုတော့ ရှင်ကိုးရှင်ကို လွယ်လွယ်ကူကူနဲ့ ဖူးနိုင်ပါပြီ။ ဘုရားလဲဖူးပြီးပြီမပြန်ချင်သေးဘူးဆိုရင် မြတ်ရှင်မော်ဘုရားကနေ မြင်ရတဲ့ နေဝင်ဆည်းဆာက အတော်လေး လှပါတယ်။ ဒီတော့ နေဝင်ဆည်းဆာလေးခံစားရင်း ထားဝယ်ခရီးစဉ်ကနေ နှုတ်ဆက်လိုက်ပါတယ်။ အောင်ချမ်းမြတ်