У нас вы можете посмотреть бесплатно လူသားနဲ့ စရိုက်, ဝါသနာ, အထုံပါသူ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား “လူသားနဲ့ စရိုက်, ဝါသနာ, အထုံပါသူ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြား ပေးမှာ ဖြစ်ပါတယ်။ ဒီ “စရိုက်, ဝါသနာ, အထုံပါသူ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဘာ့ကြောင့် ဟောပြောပြသ သင်ကြား ပေးရတာလဲဆိုရင် “စရိုက်ကနေ ဝါသနာ, ဝါသနာကနေ အထုံပါသွားတတ်တဲ့” လို့ သိစေချင်လို့ပါ။ လူသားဘဝ ရောက်လာသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်, ဝါသနာ, အထုံပါပုံလေး တွေ မတူညီကြပါဘူး။ အချို့က မကောင်းတဲ့ စရိုက်, ဝါသနာ, အထုံလေးတွေ ပါလာတတ်သလို အချို့ကကျတော့လည်း ကောင်းတဲ့ စရိုက်, ဝါသနာ, အထုံလေးတွေ ပါလာတတ်ပါတယ်။ စရိုက်ဆိုတာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်တဲ့သဘော၊ သူတစ်ပါးဖြစ်နေကျထက် ပိုဖြစ်တဲ့သဘောကို စရိုက်လို့ ခေါ်တာပါ။ လူသားတစ်ယောက်ဟာ ကောင်းတဲ့စရိုက်ကိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ကိုပဲ ဖြစ်ဖြစ် ထပ်ခါထပ်ခါ ပြုလုပ်ဆောင်ရွက်မိရင် ဝါသနာပါတဲ့ အဆင့်ကို ရောက်လာတတ်ပါတယ်။ စရိုက်, ဝါသနာအဆင့်ကနေ ထပ်ခါထပ်ခါ ဆက်လုပ်နေရင် ဘဝသံသရာအထိပါ အထုံပါသွားပါတော့တယ်။ လူသားရဲ့ တာဝန်ကတော့ ကိုယ်လုပ်နေတဲ့ အလုပ်က ကောင်းတဲ့ အကျင့်စရိုက်လား? မကောင်းတဲ့ အကျင့် စရိုက်လား? လို့ ခွဲခြား သိတတ်ဖို့ပါပဲ။ ကောင်းတာနဲ့ အကျင့်စရိုက်ပါသွားသူကတော့ ကောင်းတဲ့ဘက်မှာ တစ်ဘဝပြီး တစ်ဘဝ ကောင်းသထက် ပိုကောင်းလာပါတယ်။ မကောင်းတာနဲ့ အကျင့်စရိုက်ပါသွားသူ ကလည်း မကောင်းတဲ့ဘက်မှာ တစ်ဘဝပြီး တစ်ဘဝ ဆိုးသထက် ဆိုးလာတတ်တာဟာ သဘာဝပါ။ ဒါ့ကြောင့် လူသားတွေဟာ ဘုရားဟောပြသထားတဲ့ လူသားတွေမှာ ဖြစ်တတ်တဲ့ စရိုက် (၆) မျိုးကို မှတ်သား ထားသင့်ပါတယ်။ စရိုက် (၆) မျိုးကတော့- ၁။ ရာဂစရိုက်ပါ။ အဲဒီရာဂစရိုက်ပါလာသူကတော့ သူတစ်ပါးထက် ရာဂပိုကြီးတတ်ပါတယ်။ ၂။ ဒေါသစရိုက်ပါ။ အဲဒီဒေါသစရိုက်ပါလာသူကလည်း သူတစ်ပါးထက် ဒေါသပိုကြီးတတ်ပါတယ်။ ၃။ မောဟစရိုက်ပါ။ အဲဒီမောဟစရိုက်ပါလာသူကလည်း သူတစ်ပါးထက် မသိမှု၊ မိုက်မဲမှု ပိုကြီးတတ်ပါတယ်။ ၄။ သဒ္ဓါစရိုက်ပါ။ အဲဒီ သဒ္ဓါစရိုက်ပါလာသူကလည်း ကံ, ကံရဲ့အကျိုး ဘုရား, တရား, သံဃာ ရတနာသုံးပါးမှာ သူတစ်ပါးထက် ယုံကြည်မှုသဒ္ဓါအား ပိုကောင်းတတ်ပါတယ်။ ၅။ ဗုဒ္ဓိစရိုက်ပါ။ အဲဒီ ဗုဒ္ဓိစရိုက်ပါလာသူကလည်း သူတစ်ပါးထက် ဉာဏ်ပညာ ပိုကောင်းတတ်ပါတယ်။ ၆။ ဝိတက်စရိုက်ပါ။ အဲဒီ ဝိတက်စရိုက်ပါလာသူကလည်း သူတစ်ပါးထက် ကြံရည်ဖန်ရည် ပိုကောင်းတတ်ပါတယ်။ လူချင်းတူပါရက်နဲ့ စရိုက်တွေ မတူရခြင်းအကြောင်းနဲ့ ပတ်သက်လို့ ကိုယ်ကျင့် အဘိဓမ္မာမှာ “ရှေးရှေးဘဝ ကုသိုလ်ကံ ပြုစဥ်က ဘဝစည်းစိမ်ကို လိုလားတောင့်တသော လောဘ ခြံရံ၍ ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘဝ၌ ရာဂစရိုက် ရှိတတ်၏။ ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏။ အသိဉာဏ် နည်းပါးလျက် မောဟကြီးစွာ ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်သည်။ ပညာဖြင့်လည်းကောင်း၊ ပညာကြီးဖို့ရန် ဆုပန်၍လည်းကောင်း၊ ပညာရေးဆိုင်ရာ ကုသိုလ်များ ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာ ဘဝ ဝယ် ဗုဒ္ဓိစရိုက် ရှိတတ်၏။ သဒ္ဓါထက်သန်စွာ ပြုခဲ့လျှင် သဒ္ဓါစရိုက် ရှိတတ်၏။ ကာမဝိတက်စသော မကောင်းသော အကြံ ခြံရံလျက် ကံပြုခဲ့လျှင် ဝိတက်စရိုက် ရှိတတ်၏။ ဤသို့လျှင် စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာ ပဓာနဖြစ်၍ နောက်နောက် ဘဝတို့၌ မကောင်းသော စရိုက်များ မပါရအောင် သဒ္ဓါပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကိုသာ တည်ထောင် အားထုတ်သင့်ကြပေသည်” လို့ ပြဆိုထားပါတယ်။ ဒီနေရာမှာ ဘယ်သူက ဘယ်စရိုက်တွေ ပါတယ်ဆိုတာ မိမိကိုယ်တိုင်သာ အသိဆုံးပါ။ ကိုယ့်စရိုက်ကို ကိုယ်ပြင်ကြရမှာပါ။ မိမိကိုယ်ကိုယ် ရာဂစရိုက် အားကြီးတယ်လို့ထင်ရင် မြင်ရတဲ့အာရုံကို မတင့်တယ်ဘူးလို့ မြင်တတ်လာအောင် အသုဘကမ္မဌာန်း ရှုပေးပါ။ ဒေါသတွေ သိပ်ကြီး တယ်လို့ ထင်ရင်တော့ မေတ္တာကမ္မဌာန်းတွေ များများ ပွားပါ။ မောဟစရိုက်တွေ များနေတယ်ထင်ရင်တော့ ပညာရှိထံ ချဥ်းကပ်ပြီး မေးမြန်း ပါ။ ထွက်လေ, ဝင်လေကို ရှုမှတ်တဲ့ အာနာပါနကမ္မဌာန်း စီးဖြန်းပါ။ သဒ္ဓါစရိုက် အားကြီးတယ်ထင်ရင်တော့ အကောင်းစရိုက်ဖြစ်လို့ ဆက်လက် အားကောင်းအောင် ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဌာန်းများ ကြိုးစား ပွားများပါ။ ဗုဒ္ဓိစရိုက်, ပညာစရိုက် အားကောင်းတယ်ထင်ရင်လည်း ပိုအားကောင်းအောင် ဗုဒ္ဓါနုဿတိစတဲ့ ကမ္မာန်းများကို ဆက်လက်ကြိုးစား ပွားများပါ။ ဝိတက်စရိုက် အားကောင်းတယ်ထင်ရင်လည်း အာနာပါနကမ္မဌာန်းကိုပင် ကြိုးစားရှုရမှာပါ။ မကောင်းတဲ့ စရိုက်ဟာ မဖယ်ရင် မပျောက်သလို ကောင်းတဲ့စရိုက်ဟာလည်း ဆက်လက် မဖြည့်ဆည်းရင် မပြည့်ပါဘူး။ ဓမ္မပဒမှာ ကုဏ္ဍလကေသိတ္ထေရီဝတ္ထုဆိုတာ ရှိပါတယ်။ အဲဒီဝတ္ထုမှာ ကုဏ္ဍလကေသီဟာ သူဌေးသမီးပါ။ သူမဟာ သေဒဏ်ချခံရတဲ့ သူခိုးကို အိမ့် အပေါ်ထပ်က မြင်ကာ စွဲလန်းမိပြိး မိဘများကို ပူဆာကာ ရအောင်ယူ လက်ထပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခိုးသူဘဝက လာတဲ့ သူမရဲ့ ယောင်္ကျားဟာ သူဌေးသမီး တစ်ယောက်လုံးကို ပိုင်ဆိုင်ထားပေမဲ့ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူပြီး အသက်မွေးခဲ့တဲ့ စရိုက်, ဝါသနာ, အထုံလေးက ပါလာတော့ သူ့ဇနီးကို ရတနာများ ဝတ်ဆင်ခိုင်းကာ တောင်ပေါ်ကို ခေါ်သွားပြီး သတ်ဖြတ်ကာ သူမဝတ်ဆင်လာတဲ့ ရတနာများကို ယူဖို့ကြံစည်ပါတယ်။ သူ့ဇနီးက သူ့ကို ပစ္စည်းဥစ္စာပဲယူကာ အသက်ကို ချမ်းသာပေးပါဆိုတာကို မရလောက်အောင် ဖြစ်ပြီး နောက်ဆုံး သူ့ဇနီးက လှည့်ပတ်ဖျားယောင်းပြီး တောင် ပေါ်ကနေ တွန်းချလိုက်လို့ သေဆုံးသွားခဲ့ပါတယ်။ ဒီနေရာမှာ စရိုက်, ဝါသနာ, အထုံလေးကို သိစေချင်တာပါ။ စရိုက်, ဝါသနာ, အထုံပါလာရင် ဘယ်လောက်ပဲ အဆင့်မြင့်မြင့် နေရနေရ ဗီဇလေးက ပြချင် ပါတယ်။ ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာ- “မကောင်းတဲ့ စရိုက်, ဝါသနာ, အထုံတွေဟာ ကြောက်စရာ ကောင်းလှပါတယ်။ တစ်ဘဝမှာ နည်းနည်း၊ တစ်ဘဝမှာ နည်းနည်းနဲ့ ကိုယ့်ရဲ့ မကောင်းတဲ့ စရိုက် လေးတွေကို ပြုပြင်သွားရမယ်” လို့ အသိတရားနဲ့ သတိထားကာ နေထိုင်တတ်ကြဖို့ပါပဲ ..မိတ်ဆွေတို့။ ဒီတရားလေး နာကြားပြိး- (က) ဘယ်လို စရိုက်တွေ ရှိပါသလဲ? (ခ) စရိုက်ဆိုးကြောင့် ဘဝပျက်ဖူးပါသလား? (ဂ) ကောင်းတဲ့စရိုက်ကြောင့် ဘဝအဆင့် မြင့်တက်ဖူးပါသလား? ဖြေကြားကာ “စရိုက်ဆိုးကို ဝါသနာအဆင့်, အထုံအဆင့်သို့ ရောက်မလာအောင် ကြိုးစားကာ နှိပ်နင်းနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ..။(၃.၁၀.၂၃)