У нас вы можете посмотреть бесплатно ကတိတော်ရမြေ (သို့) တရားမျှတမှုအတွက် ကြံ့ကြံ့ခံနေဆဲ (အို-ဂျေရုဆလင်) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ကျွန်တော်အနေနဲ့ Holy Land (ဘာသာတရားတို့မြေ သို့မဟုတ် မြင့်မြတ်သောမြေ) ဆိုပြီး ရှေ့မှာ တင်ပြခဲ့ပါတယ်။ ဒါက ဒီနေ့ အစ္စရေးနိုင်ငံ နဲ့ ပါလက်စတိုင်း နယ်မြေအပိုင်းအခြား အကြောင်း ဖြစ်ပါတယ်။ ဒီနယ်မြေအပိုင်းအခြားနဲ့ ပတ်သက်လို့ နောက်ထပ်စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ အများကြီးကျန်နေပေမယ့် အခြားအကြောင်းတွေသာပြောဖြစ်ခဲ့ပြီး ဒီအကြောင်းမဆက်ဖြစ်ခဲ့ပါ။ အခု တစ်ခါ အစ္စရေး - ပါလက်စတိုင်း နောက်ထပ်စစ်ဖြစ်ရပြန်တော့ ဒီအကြောင်း မပြောမဖြစ်ပြောရပါ တော့မယ်။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ အခြေအနေ / အမှန် နဲ့ အမှား အဆိုး နဲ့ အကောင်း ဒါတွေကို ဝေဖန်ပိုင်းခြားပြခြင်းဆိုတာထက် သမိုင်းကြောင်းကိုပဲ ကျွန်တော်ပြောသွားပါ့မယ်။ အစ္စရေး-ပါလက် စတိုင်း စစ်ဖြစ်တဲ့အကြိမ်အရေအတွက်ကလည်းမနည်းမနောပါ။ ဘာကြောင့်ဖြစ်ရတယ်။ ဘယ်သူ လွန်တယ်။ ဘယ်သူတွေက soldier တွေဖြစ်ကြပြီး၊ ဘယ်သူတွေက militants တွေဖြစ်ကြတယ်။ ဒါတွေက ကိုယ်ရပ်နေတဲ့ နေရာ၊ ကိုယ့်အတ္တ ပေါ်မူတည်ပြီး အမြင်အမျိုးမျိုး ရှိနေပါလိမ့်မယ်။ ဒီလို အမြင် အမျိုးမျိုးနဲ့ ပြောနေဆိုနေကြတဲ့မီဒီယာတွေရဲ့ အပြောအဟောတွေကိုလည်း ကျွန်တော့် ပုရိသတ် နားထောင်ထားပြီး ဖြစ်ပါလိမ့်မယ်။ အချို့က “အစ္စလာမ်” ဆို အသွေးထဲအသားထဲကနေ အလိုလို မုန်းနေတာကြောင့် ဒီလိုအမုန်းမီးတွေနဲ့ သူတို့ကိုယ်သူတို့ လောင်ကျွမ်းနေလေကြရာ အမှန်တရားနဲ့ ဝေးနေကြဦးမှာပါ။ အချို့မီဒီယာတွေက militants ပြောတာအားမရလို့ Terrorist ဆို တာမျိုးထိ ပြောချင်လည်းပြောကြပါဦးမယ်။ ဒါပေမယ့် (၉/၁၁) နောက်ပိုင်းမှာ အနောက်တိုင်းနဲ့ အတူ ကမ္ဘာမီဒီယာကြီးတွေက Terrorist အစား militants ဆိုပြီး မသိမသာပြောင်းသုံးသွားကြပြီး ဖြစ် တာကို ကမ္ဘာ့မီဒီယာတွေကို စိတ်ဝင်စားသူ ကျွန်တော့ပုရိသတ် သတိထားမိမှာပါ။ ၂၀၂၀ ခုနှစ် ဖေဖ ဝါရီလထဲ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တာက အကြမ်းဖက်သမားတွေ နဲ့ စကားမပြောဘူးဆိုတဲ့ အမေရိ ကန်နိုင်ငံ နိုင်ငံခြား ရေးပေါ် လစီကို မှားတယ်လို ပြောလိုက်တာနဲ့ အတူတူပဲလို့ သုံးသတ်နိုင်ပါတယ်။ တနည်းအားဖြင့် တာလီဘန်တွေကို အကြမ်းဖက်သမား မဟုတ်ဘူးလို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ Music : Desert Planet by Quincas Moreira