У нас вы можете посмотреть бесплатно အီရန်ကိုတိုက်ဖို့ အမေရိကန် ပြင်ဆင်နေ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်က တကယ်လို့ အမိန့်ပေးလာမယ်ဆိုရင် အီရန်ကို ရက်သတ္တပါတ်အတော်ကြာအောင် စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်နိုင်ဖို့ အမေရိကန်စစ်တပ်က ပြင်ဆင်နေတယ်လို့ အမေရိကန်အရာရှိ ၂ ယောက်က ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှာ ပြောပါတယ်။ အဲ့ဒီ စစ်ရေးစီမံချက်က အလွန် အရေးကြီးပြီး လျှို့ဝှက်တဲ့အတွက် အရာရှိတွေက အမည်မဖော်လိုဘဲ ပြောခဲ့တာပါ။ အမေရိကန်နဲ့ အီရန်ကြား စစ်ဖြစ်လာမယ်ဆိုရင် ယခင်က နှစ်နိုင်ငံအကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထက် ပိုပြီး ပြင်းထန်နိုင်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ဘက်က ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျာရက် ကု ရှ နာ တို့ဟာ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဂျနီဗာမှာ အီရန်နဲ့ ဆွေးနွေးမယ်လို့ ပြောထားပြီး အိုမန် နိုင်ငံမှ ကြားဝင်ညှိနှိုင်းပေးမယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Marco Rubio မာကို ရူဘီယို ကတော့ သမ္မတ ထရမ့်က သဘောတူညီချက် ရဖို့ကို ပိုလိုလားပေမယ့် လုပ်ကိုင်ရတာ အရမ်းခက်မယ်လို့ ပြောထားပါတယ်။ တချိန်တည်းမှာပဲ ထရမ့်က ဒေသအတွင်း စစ်တပ်အင်အားများကို စုစည်းထားပြီး စစ်ရေးအရေးယူမှုအသစ်များ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ ပင်တဂွန်က လေယာဉ်တင် သင်္ဘောတစ်စီး ထပ်မံပို့ဆောင်ထားပြီး၊ တိုက်လေယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘောတွေနဲ့ အခြား တိုက်ခိုက်ရေးစွမ်းရည်တွေပါဝင်တဲ့ စစ်အင်အားတွေကို အရှေ့အလယ်ပိုင်းမှာ တိုးချဲ့နေတယ်လို့ အရာရှိတွေက ပြောပါတယ်။ နော်သ်ကာရိုလိုင်းနား ပြည်နယ် Fort Bragg မှာ ပြုလုပ်တဲ့စစ်ရေးပြပွဲတစ်ခု အပြီးမှာလည်း ထရမ့်က အီရန်အစိုးရ ပြောင်းလဲနိုင်ခြေကိုလည်း ပြောဆိုခဲ့ပြီး “အဲဒီလို ဖြစ်လာတာက အကောင်းဆုံး ဖြစ်နိုင်တယ်ထင်တယ်” လို့ ဆိုခဲ့ပါတယ်။ ထရမ့်ဟာ အီရန်ကို ကြည်းတပ်ကိုတော့ မစေလွှတ်ချင်ဘူး လို့ မနှစ်ကတည်းက ပြောခဲ့ပါတယ်။ အခု ဒေသထဲမှာ စုထားတဲ့ စစ်အင်အားတွေကို ကြည့်ရင်လည်း လေကြောင်းနဲ့ ရေတပ်က တိုက်ခိုက်မယ့် အလားအလာ ပိုများတယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့ပြင် မကြာသေးခင်က ဗင်နီဇွဲလာမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကို အသုံးပြုပြီး သမ္မတ Nicolas Maduro ကို ဖမ်းဖို့ စစ်ဆင်ရေးလုပ်ခဲ့တာကိုလည်း ဥပမာအဖြစ် ထရမ့်က ပြောပါတယ်။ အမေရိကန်က အချိန်ရှည်ကြာတဲ့အထိ အီရန်ကိုစစ်ဆင်ရေး လုပ်နိုင်မလားဆိုတဲ့ မေးခွန်းကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Anna Kelly က “အီရန်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်အတွက် ရွေးချယ်စရာအားလုံး ရှိနေတယ်” လို့ ပြောပါတယ်။ သူက အမြင်အမျိုးမျိုးကို နားထောင်ပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ အမေရိကန်နိုင်ငံနဲ့ အမျိုးသားလုံခြုံရေးအတွက် အကောင်းဆုံး ဖြစ်တာကိုပဲ ကြည့်ပြီး ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ မည်သည့် မှတ်ချက်မျှ မပေးသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က အမေရိကန်က အီရန် နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီ စစ်ဆင်ရေးက တစ်ကြိမ်တည်း တိုက်ခိုက်မှုသာ ဖြစ်ခဲ့ပြီး လျို့ဝှက် ဗုံးကြဲ လေယျာဥ် တွေက အမေရိကန်ကနေ တိုက်ရိုက် ပျံလာပြီး နျူကလီးယားစက်ရုံတွေကို တိုက်ခဲ့တာပဲဖြစ်ပါတယ်။ အီရန်ကလည်း ကာတာမှာရှိတဲ့ အမေရိကန်စခန်းတစ်ခုကို အကန့်အသတ်နဲ့ ပြန်လည်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အခုတစ်ခါ ပြင်ဆင်နေတဲ့ စစ်ဆင်ရေးက ပိုရှုပ်ထွေးတယ်လို့ အရာရှိတွေက ပြောပါတယ်။ အချိန်ရှည်ကြာတဲ့ စစ်ဆင်ရေး ဖြစ်လာရင် နျူကလီးယားစက်ရုံတွေတင်မကဘဲ အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ အဆောက်အအုံတွေကိုပါ တိုက်နိုင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ အရာရှိတွေက မပြောပြခဲ့ပါဘူး။ ကျွမ်းကျင်သူတွေကတော့ အီရန်မှာ ဒုံးကျည်လက်နက်တွေ အားကောင်းတဲ့အတွက် အမေရိကန်တပ်ဖွဲ့တွေအတွက် အန္တရာယ် ပိုများနိုင်တယ်လို့ ပြောပါတယ်။ ပြန်လည်တိုက်ခိုက်မှုတွေ ဖြစ်လာရင် ဒေသတစ်ခုလုံး စစ်ပွဲ ပိုကျယ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ အမေရိကန်ဘက်ကလည်း အီရန် ပြန်တိုက်မယ်ဆိုတာ မျှော်လင့်ထားပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထရမ့်က အီရန်ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ၊ ပြည်တွင်း ဆန့်ကျင်သူတွေကို နှိမ်နင်းတာတွေကြောင့် အီရန်ကို ဗုံးကြဲနိုင်တယ်လို့ မကြာခဏ ပြောခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း သံတမန်ရေးဖြေရှင်းမှု မရရင် အလွန် ဆိုးရွားတဲ့ အခြေအနေ ဖြစ်လာမယ် လို့ သတိပေးထားပါတယ်။ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း အီရန်ကို တိုက်ခိုက်လာရင် အမေရိကန် စစ်စခန်းတွေကို ပြန်တိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန်က Jordan, Kuwait, Saudi Arabia, Qatar, ဘာရိန်း, UAE နဲ့ Turkey တို့မှာ စစ်စခန်းတွေ ရှိနေပါတယ်။ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း ဝါရှင်တန်မှာ ထရမ့်နဲ့ တွေ့ဆုံပြီး အီရန်နဲ့ သဘောတူညီချက် ရလာမယ်ဆိုရင် အစ္စရေးအတွက် အရေးပါတဲ့ အချက်တွေ ပါရမယ်လို့ ပြောပါတယ်။ အီရန်ဘက်ကတော့ စန်ရှင်တွေ ဖယ်ရှားပေးမယ်ဆိုရင် နျူကလီးယားအစီအစဉ် ကန့်သတ်ဖို့ ဆွေးနွေးနိုင်တယ်လို့ ပြောပေမယ့် ဒုံးကျည် ကိစ္စကို ချိတ်ဆက် ဆွေးနွေးတာကိုတော့ မလိုလားပါဘူး။ ယခင် အီရန်ဘုရင်ရဲ့သားဖြစ်သူ ရီဇာ ပါလာဗီကတော့ အမေရိကန် စစ်ရေး ဝင်ရောက်စွက်ဖက်မှုက လူအသက်တွေ ကယ်တင်နိုင်တယ်လို့ ပြောပါတယ်။ အီရန်အစိုးရ ပြိုကွဲဖို့ နီးနေပြီဆိုတဲ့ လက္ခဏာတွေ ရှိနေပြီး စစ်ရေးတိုက်ခိုက်မှုတစ်ခုက အီရန် အစိုးရကို အားနည်းစေနိုင်သလို ပိုမြန်မြန် ပြိုလဲစေနိုင်တယ်လို့ သူက ဆိုထားပါတယ်။ Ref : Reuters #whathappened #အမေရိကန် #ထရမ့်ပ် #အီရန် #နိုင်ငံတကာသတင်း