У нас вы можете посмотреть бесплатно တပ်မ ၉၉ ရဲ့ ဘီလူးစစ်ကြောင်းက စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြောင်၊ မတ် ၃၀၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခြေတော်ရာကျေးရွာမှာ ၃ ရက်ကြာ တပ်စွဲထားတဲ့ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းက စစ်သားတွေ မတ်လ ၂၈ ရက်နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ခြေတော်ရာကျေးရွာမှာ ၃ ရက်လောက် တပ်စွဲနေပြီး အိမ်တွေမီးရှို့တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် မတ်လ ၂၈ ရက် နေ့လည် ၂ နာရီကနေ ၃ နာရီအတွင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ T.G.R Wormen Drone Force ကျားခင်စိန်က ပြောပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် မတ်လ ၂၉ ရက်မနက် ၈ နာရီလောက်မှာ မန်းကျည်းပုတ်ရွာဘက်ကို တက်သွားပြီးနောက် ၉ နာရီလောက်မှာတော့ လက်ယက်မရွာထဲကို ပြန်ဝင်ကာ အထိုင်ချနေတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို T.G.R Women Drone Force ၊ Black Eagle Defence Force-MMU မှ Black Eagle Drone တပ်ခွဲ ၊ စစ်ကိုင်းခရိုင်အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂) Black Eagle တပ်ခွဲ ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - CM #မြေလတ်အသံ