У нас вы можете посмотреть бесплатно စိတ်ပြောင်းမူးယစ်ဆေးနဲ့ ညပျော်လူငယ်တွေဘဝ (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စိတ်ပြောင်းမူးယစ်ဆေးနဲ့ ညပျော်လူငယ်တွေဘဝ (ရုပ်/သံ) ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅ စိတ်ပြောင်းမူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့က ညပျော်လူငယ်တွေ ကြားမှာ တဖြည်းဖြည်းအမြစ်တွယ် ကျယ်ပြန့်လာနေပါပြီ။ အထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာတဲ့ Hi ခန်းတွေထဲမှာ လူငယ်တွေဟာ ဒီမူးယစ်ဆေးတွေနဲ့ ပျော်ပိုက်လာကြတာပါ။ Hi ခန်းဆိုတာကတော့ entertainment အမည်ခံ ဖွင့်ထားတဲ့ KTV တွေက သီးသန့်အလုံပိတ် ခန်းတွေကို ခေါ်တာပါ။ ဒီလိုအခန်းတွေကို အချိန်နဲ့ ငှားရမ်းပြီး လက်ရှိ ခေတ်စားနေတဲ့ K၊ E နဲ့ Happy Water လို့ခေါ်တဲ့ စိတ်ပြောင်းမူးယစ်ဆေးတွေကို သုံးစွဲနေကြတာဖြစ်ပါတယ်။ ရောင်စုံဆလိုက်မီးတွေ၊ စိတ်လှုပ်ရှားစရာ DJ Music တွေနဲ့ ကခုန်ပျော်မြူးနိုင်ဖို့ စိတ်ပြောင်းမူးယစ်ဆေးတွေကို သုံးကြတာလို့ ကိုယ်တိုင်သုံးစွဲသူတွေက ပြန်ပြောပြပါတယ်။ ဒီဆေးတွေကို နိုက်ကလပ်၊ ဘားနဲ့ KTV ဝန်ထမ်းတချို့မှာ ဝယ်ယူနိုင်သလို အပြင်ချိတ်လို့ ခေါ်တဲ့ မူးယစ်ဆေး ရောင်းသူတွေဆီက နေလည်း ဖုန်းနဲ့ချိတ်ဆက်မှာယူနိုင်ပါတယ်။ စိတ်ပြောင်းမူးယစ်ဆေးတွေကို သုံးစွဲနေမှုတွေဟာ ရန်ကုန်တမြို့ထဲမှာပဲဖြစ်နေတာမဟုတ်ပါဘူး။ မန္တလေး၊နေပြည်တော်နဲ့ မော်လမြိုင်လိုမြို့တွေ အပါအဝင် ကျေးလက်တွေအထိ လူငယ်တွေ တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာ ပါဝင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ အရာရှိ တချို့ကပြောပါတယ်။ စိတ်ပြောင်းမူးယစ်ဆေးတွေကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု ပြဿနာတွေ လူငယ်အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ ကြုံနေရတာတွေရှိသလို ခိုးဆိုးလုယက်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်းအရာတွေ ဖော်ပြနိုင်ဖို့အတွက် ဧရာဝတီက Night Club၊ ဘားနဲ့ ကေတီဗွီတွေကို ကွင်းဆင်း စုံစမ်းဖော်ထုတ် မှတ်တမ်းယူခဲ့ပါတယ်။ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေ အပြင် တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိတချို့နဲ့ CDM ရဲအရာရှိ တချို့ကိုလည်း မေးမြန်းထားပါတယ်။ #မြန်မာ #ဧရာဝတီ #စိတ်ပြောင်းမူးယစ်ဆေး #Night Club #Ecstasy #Ketamine #SpecialK #KTV #Hiခန်း စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy