У нас вы можете посмотреть бесплатно မုန့်သိုင်းခြုံလုပ်နည်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြန့်မာ့ရိုးရာမုန့်လေးတခုဖြစ်တဲ့ မုန့်သိုင်းခြုံလုပ်နည်းလေးပါ။ အဟာရလည်းရှိပြီး လုပ်ရတဲ့ လွယ်တာမလို့ အိမ်မှာ အလွယ်တကူလုပ်စားနိုင်ပါတယ်. မုန့်သိုင်းခြုံထဲမှာ အစာထည့်ဖို့အတွက် အုန်းသီး သကြားနဲ့ဆားလိုအပ်ပါတယ်။ အုန်းသီးကို ကျွန်တော်က ၁လုံးခွဲခြစ်ထားပါတယ်။ ဒယ်အိုးထဲ ဆီလေး အနည်းငယ်ထည့်ပြီး သကြားနဲ့ဆား။ အုန်းသီး ထည့်ပြီး ၅ မိနစ်လောက် မီးအေးအေး ထည့်ပြီး လှော်ပေးပါ။ ယိုပုံစံမဟုတ်တဲ့အတွက် အကြာကြီး အပူပေးစရာမလိုပါဘူး။ မုန့်သိုင်းခြုံမှာ ကြက်ဥ များမှ ပိုစားကောင်းတယ်လို့တော့ ထင််မိပါတယ်။ ကျွန်တော်က ကြက်ဥ ၃ လုံး သုံးပါတယ်။ ကြက်ဥတွေကို ခေါက်ပေးထားပါ. ကောက်ညှင်းမှုန့် ၁ ခွက် (နို့ဆီဗူး ၁ ဗူး) ဆန်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း ရေက ၁ ခွက် (နို့ဆီဗူး ၁ဗူး) ။ ဆား အနည်းငယ်ထည့်ပြီး အားလုံး သမအောင်မွှေပေးပြီး နာရီဝက်လောက် အခန်းအပူချိန်မှာ နှပ်ထားပေးပါ။ မုန့်နှစ်အပျစ်အကျဲက အခန်းအပူချိန်မှာ ထားထားတဲ့ နို့ဆီ ရဲ့ အပျစ်အကျဲနဲ့ အလားတူပါ။ ဒယ်အိုးထဲမှာ ဆီ လေးအနည်းငယ်ထည့်ပြီး မီးအားသေးသေးလေးပဲ အပူပေးပါ။ ကြက်ဥပါဝင်မှုများတဲ့အတွက် မီးအားပြင်းရင်ကြက်ဥက မာသွားပြီး မုန့်ခေါက်ရတာ အဆင်မပြေဘဲ မုန့်သားတွေကျိုးသွားနိုင်ပါတယ်။ အုန်းသီးအစာကို စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက်ပဲထည့်ပေးပါ။ ၅ ထောင့်ပုံခေါက်ပြီး မီးအေးအေးနဲ့ပဲ အပူပေးပါ။မုန့်သားက အရောင်ပြောင်းသွားမှ ပိုပြီးစားကောင်းပါတယ်။ မုန့်သိုင်းခြုံကို တချို့တွေက ဂျုံမှုန့်နဲ့လုပ်ကြပေမယ့် ကောက်ညှင်းမှုန့်နဲ့လုပ်မှသာ စျေးမှာရောင်းတဲ့အရသာအတိုင်း တူမှာဖြစ်ပါတယ်။ အချိုကြိုက်ရင် မုန့်နှစ်ထဲကို နို့ဆီ အနည်းငယ်ထည့်ပြီးဖျော်ပေးလို့ရပါတယ်။