У нас вы можете посмотреть бесплатно “ဗျုဟာအားနည်းပြီး အင်အားကျဆင်းလာတဲ့အတွက် စစ်ကိုမတိုက်ရဲတော့တဲ့ အနေအထားဖြစ်သွားပြီ” или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
“ဗျုဟာအားနည်းပြီး အင်အားကျဆင်းလာတဲ့အတွက် စစ်ကိုမတိုက်ရဲတော့တဲ့ အနေအထားဖြစ်သွားပြီ” ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ) (၈- ၁- ၂၀၂၄) “လက်ရှိ စစ်ကောင်စီတပ်ရဲ့ အခြေအနေဟာ စစ်ဗျုဟာပိုင်းမှာ အားနည်းတဲ့အပြင် စစ်သည်အင်အားကလည်းတဖြေးဖြေးကျဆင်းလာနေပြီး လူသစ်ကလည်းစုမရ၊ လူထုထောက်ခံမှုကလည်းမရတဲ့အတွက် စစ်သားတွေဟာ စိတ်ဓာတ်ကျပြီး စစ်မတိုက်ရဲတော့တဲ့အခြေအနေထိရောက်သွားပြီ” လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ လောက်ကိုင်စစ်မျက်နှာမှာ ဗိုလ်မှူးချုပ် ၆ ဦး ဦးဆောင်ပြီး အင်အား ၃၀၀၀ နီးပါး လုံး၀ လက်နက်ချလိုက်တဲ့အခြေအနေ၊ တိုက်သမျှပွဲ အကုန်ရှုံးနေတဲ့အခြေအနေ၊ လက်နက်ချက်မှု၊ တပ်ပြေးမှူများလာနေတဲ့ လက်ရှိစစ်တပ်အခြေအနေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... လက်နက်အပြည့်အစုံရှိပါရဲ့နဲ့ ဗိုလ်မှူးချုပ်အဆင့် ၆ ဦး ဦးဆောင်တဲ့ စစ်သည်အင်အား ၃၀၀၀ နီးပါး လက်နက်ချလိုက်တာ ဘာကြောင့်လဲ... တော်လှန်ရေးတပ်တွေဖက်က ပြောက်ကြားဗျုဟာကနေ ရင်ဆိုင်ထိုးစစ်ဆင်တဲ့ ဗျုဟာကို ပြောင်းလိုက်တဲ့အတွက် စစ်ကောင်စီတပ် အငိုက်မိသွားတာလား... စစ်သည်တွေနဲ့ မိသားစုတွေ အသက်အန္တရယ် ထိခိုက်မှာစိုးလို့ လက်နက်ချခိုင်းလိုက်တယ်ဆိုတာဖြစ်နိုင်သလား... ...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (စစ်ကောင်စီဥက္ကဌပြောနေတဲ့ ထိုးစစ်ပြန်ဆင်မှယ်ဆိုတာ ဖြစ်နိုင်ခြေရှိသေးရဲ့လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ / burmanewsnetwork)။