У нас вы можете посмотреть бесплатно "မဲဆောက်ရောက် မြန်မာတွေအပေါ် ကံဆိုးခြင်းလက်ဆောင်တွေ ကျရောက်နေတယ်" или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မဲဆောက်မြို့မှာ ဇွန်လအတွင်း မြန်မာ ၁ဝဝ ကျော်ဖမ်းဆီးခံထားရ။ ဇွန် ၂၈ ၊ Migrant Times ။ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဇွန်လ ၆ ရက်နေ့ကစပြီး E-Bike လို့ခေါ်တဲ့ ဘက်ထရီစက်ဘီးလေးတွေကို ထိုင်းရဲတွေက တရားမဝင်ဘူးဆိုပြီးစီမံချက်နဲ့ စဖမ်းခဲ့ပါတယ်။ မြန်မာအများစုဟာ သွားလာရေးနဲ့ကလေးတွေကို ကျောင်းပို့ဖို့အတွက် E-Bike တွေအများဆုံး အသုံးပြုကြရင်း ဖမ်းဆီးခံရပါတယ်။ E-Bike တွေဖမ်းဆီးပြီးနောက်မှာ ဆမ်လော့ လို့ခေါ်တဲ့ ဘေးတွဲပါ သုံးဘီးဆိုင်ကယ်တွေကို စီမံချက်နဲ့ဆက်လက်ဖမ်းဆီးပါတယ်။ သုံးဘီးဆိုင်ကယ်မောင်းသူအများစုဟာလဲ မြန်မာကလာ ရောက်သူတွေဖြစ်တာကြောင့် ဖမ်းဆီးတာ ခံရပါတယ်။ သုံးဘီးဆိုင်ကယ်တွေဖမ်းဆီးပြီးတဲနောက် ဇွန်လ ၁၈ ရက်ကစကာ ထိုင်းရဲနဲ့လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက မြန်မာလူမျိုးတွေ လုပ်ကိုင်ကြတဲ့ စျေးဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေနဲ့ နေအိမ် တန်းလျား လုပ်ငန်းခွင်ပါမကျန် ဝင်ရောက်စစ်ဆေးကြပါတယ်။ စစ်ဆေးပြီးချိန်မှာ အထောက်အထားမရှိသူရော ရှိသူပါ ဥပဒေမျိုးစုံတပ်ပြီး ထိုင်းရဲတွေကဆက်တိုက်ဖမ်းဆီးနေပါတယ်။ မဲဆောက်မြို့နယ်မှာ သုံးဘီးဆိုင်ကယ်မောင်းတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆံပင်ညှပ်ဆိုင် ကော်ဖီဆိုင် ကုန်စုံဆိုင်တွေ အပါအဝင် ဆိုင်ပေါင်း ၁ဝဝ ကျော်မှာ အလုပ်လုပ်ကိုင်နေသူတွေကိုစစ်ဆေး အရေးယူခဲ့တယ်လို့ ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနက ဇွန်လ ၂ဝ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနထုတ်ပြန်ချက်အရ မဲဆောက်မြို့နယ်မှာ သုံးဘီးဆိုင်ကယ်မောင်းတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်နေ့ကလဲ မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာလက်ဖက်ရည်ဆိုင်ကို စစ်ဆေးခဲ့ပြီး မဲဆောက်မှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ မြန်မာ ၃ ဦးနဲ့ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ မဲဆောက်မြို့နယ်မှာ စစ်ဆေးဖမ်းဆီးနေတာကြောင့် သတိထားနေထိုင်သွားလာကြဖို့ မဲဆောက်မြို့နေ မြန်မာအချို့က လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။ စာရင်းတွေအရ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာလူဦးရေ ၂၅ဝ,ဝဝဝ ဝန်းကျင်ရှိပါတယ်။ မဲဆောက်မြို့မှာ ဇွန်လအတွင်း မြန်မာ ၁ဝဝ ကျော်ဖမ်းဆီးခံထားရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီသူအချို့က ပြောပါတယ်။ မဲဆောက်မြို့မှာ ဇွန်လအတွင်း ဘာတွေဖြစ်ခဲ့သလဲ ။ မဲဆောက်မြို့မှာ အနှစ် ၂ဝ ကျော်ကြာနေထိုင်နေပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကို Migrant Times က ဆက်သွယ်မေးမြန်းထားပါတယ်။ Migrant Times #Migranttimes #မဲဆောက် #maesot #Thai #ထိုင်း #ရွှေ့ပြောင်းလုပ်သား #မြန်မာ #migrants