У нас вы можете посмотреть бесплатно “တိုက်ပွဲပြင်းထန်ချိန်မှာတောင် ဒီလောက်ထိ ဗုံးမကြဲခဲ့ဘူး”လို့ ဗိုလ်ကြီးအောင်မြင့်မြတ် ပြော или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
“တိုက်ပွဲပြင်းထန်ချိန်မှာတောင် ဒီလောက်ထိ ဗုံးမကြဲခဲ့ဘူး”လို့ ဗိုလ်ကြီးအောင်မြင့်မြတ် ပြော ဆောင်းဦးမာန်၊ နိရဉ္စရာ၊ မတ်လ ၁၉/ ၂၀၂၆ ခုနှစ် ရခိုင်ပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းတစ်ခုကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ မတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အများအပြား ပါဝင်နေပါတယ်။ “အမ်းဖြစ်စဉ်မှာ ကျွန်တော်တို့ တိုက်ပွဲတွေပြင်းထန်လို့ လေကြောင်းပစ်ကူ တောင်းခဲ့စဉ်ကတောင် အခုလောက်ထိ ပြင်းပြင်းထန်ထန် ဗုံးကြဲတာမျိုး မလုပ်ခဲ့ဖူးဘူး” လို့ အမ်းမြို့ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀) က အထွေထွေရောဂါကုသမားတော် ဗိုလ်ကြီး အောင်မြင့်မြတ်က ပြောပါတယ်။ ဗိုလ်ကြီး အောင်မြင့်မြတ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး၊ လက်ရှိမှာတော့ သူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ဒဏ်ရာရရှိသူတွေကို အာရက္ခတပ်တော် ဆေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ကုသပေးနေပါတယ်။ မိမိတို့တပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်ရှိနေနိုင်တဲ့ စခန်းတစ်ခုကို စစ်ကော်မရှင်ဘက်က အခုလို အပြင်းအထန် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ ထူးခြားပြီး စိတ်မကောင်းစရာဖြစ်ရပ်လို့ သူက ဆိုပါတယ်။ အမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းတွေသာမက အရပ်သားတွေပါ ထိခိုက်သေဆုံးမှုတွေ ခပ်စိပ်စိပ် ရှိလာနေပါတယ်။ အာရက္ခတပ်တော်အနေနဲ့ ဒဏ်ရာရရှိထားတဲ့ စစ်သုံ့ပန်းတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ------------ Join this channel to get access to perks: / @narinjaratv ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။ _______________________________________________________________ နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။ 🌐 Website https://burmese.narinjara.com/ 🌐 Twitter - https://twitter.com/narinjaran?lang=en 🌐 Facebook - မြန်မာစာသတင်း / narinjara.info 🌐 Facebook - အင်္ဂလိပ်စာသတင်း / narinjaraenglish 🌐 Telegram - https://t.me/narinjaranews 🌐 TikTok Link - / narinjara