У нас вы можете посмотреть бесплатно ပခုက္ကူမြို့နယ်တွင် စစ်ကား ၁ စီးနှင့် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၁၅ ဦးသေဆုံး или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သံလွင်မြန်မာသတင်း ဇန်န်ဝါရီလ ၈ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကား ၁ စီးနှင့် ရိက္ခပို့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၅ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က ပခုက္ကူ -မြစ် ခြေလမ်းခွဲ အရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင်အနီးတွင် အောင်သာပျူစောထီးရွာမှ ပခုက္ကူ တပ်မ (၁၀၁) သို့ အစည်းအဝေး တက်ရန် ထွက်လာသော အင်အား (၁၁) ဦးပါ ပျူစောထီး ကားကို အသင့်စောင့်ကြိုပစ်ခတ် တိုက် ခိုက်ခဲ့ရာ အောင်သာရွာ ပျူစောထီး ဒုခေါင်းဆာင် နိုင်ဝင်းနှင့် ၁၀၁ ပျူသင်တန်းဆရာအပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ချိန်တွင် သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ပျူများ၏ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ရန် ကြိုးစားခဲ့သော်လည်း စစ်ကူများရောက်ရှိလာသဖြင့် ဆုတ်ခွာခဲ့ရပြီး ပစ်ခတ်တိုက် ခိုက်မှုကြောင့် တိမ်းမှောက်သွားသော ကားကို ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကရိန်းကားဖြင့် လာရောက် ကာ သယ်ဆောင်သွားကြောင်း သိရသည်။ ထို့အပြင် ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရိက္ခာပို့လာသော အင်အား ၂၀၀ နီးပါးပါ အကြမ်းဖက် စစ်ယာဉ် တန်းနှင့် စစ်ကြောင်းကို မြိုင် -ပခုက္ကူ လမ်းပိုင်းတနေရာတွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရိက္ခာပို့လာသော အင်အား ၂၀၀ နီးပါးပါ အကြမ်းဖက် စစ်ယာဉ် တန်းနှင့် စစ်ကြောင်းကို မြိုင် -ပခုက္ကူ လမ်းပိုင်းတနေရာတွင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့သို့ ဆက်လက်ဦးတည်ကာ ချီတက်နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်သားများနှင့် မကြာမကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ကြောင့် အများပြည်သူများအနေဖြင့် စစ်ရေး သတိဖြင့် သွားလာ နေထိုင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားသည်။ အဆိုပါ တိုက်ခိုက်မှုများကို ပကဖ အမှတ် (၁) တပ်ရင်း ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ ကမ္မတပ် ပေါင်းစု ၊ ပခုက္ကူခရိုင်အမှတ် (၂၊၆၊၇) တပ်ရင်းများ ၊ PPDF ၊ PLC တပ်ဖွဲ့ ၊ 8+ တပ်ဖွဲ့နှင့်အရှေ့ပိုင်း ဇုန် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။