У нас вы можете посмотреть бесплатно ပုစွန်ဝဥခေါက်ဆွဲကြော် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Taste Window ပရိသတ်တွေအားလုံး မင်္ဂလာပါ။ ဒီနေ့ဘာချက်ရင်ကောင်းမလဲ အစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ပတ်မှာတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာလည်းရှိတဲ့ ပုစွန်ဝဥခေါက်ဆွဲကြော်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိတဲ့ ဝဥအကြောင်း အနည်းငယ်ပြောပြပေးချင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးတဲအတွက် ဆီးချိုဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီတွေကိုလည်း လျော့ချပေးတဲ့အတွက် ဝိတ်ချနေတဲ့သူတွေ၊ ဝိတ်ထိန်းနေတဲ့သူတွေအတွက်လည်း အရမ်းကို အဆင်ပြေစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် အသားအရည်ကို လှပစေပါတယ်။ ကင်ဆာရောဂါြဖစ်နိုင်ခြေကိုလည်း လျော့ချပေးပါတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ”ဆိုသလို အခုလိုမျိုး ကျန်းမာရေးအတွက် ကောင်းမျိုးများစွာရှိတဲ့ ဝဥကို နေ့စဉ်စားသုံးပေးသင့်ပါတယ်နော်။ ဝဥခေါက်ဆွဲကို လတ်ဆတ်တဲ့ပုစွန်ထည့်ပြီး ကြော်ထားတဲ့အတွက် ပုစွန်ရဲ့သဘာဝအချိုအရသာက ခေါက်ဆွဲကြော်ရဲ့အရသာကို ပိုကောင်းစေပါတယ်။ လုပ်ရတာလွယ်ကူပြီး အာဟာရလည်းပြည့်၊ အရသာလည်းရှိတဲ့ ပုစွန်ဝဥခေါက်ဆွဲကြော်ကို မိမိတို့အိမ်မှာ လိုက်ကြော်စားကြည့်ကြပါလို့ အကြံပေးပါရစေ။ တစ်အိမ်သားလုံး အကြိုက်တွေ့စေမှာ အမှန်ပါပဲနော်။ အခုကြော်ပြသွားတဲ့ ပုစွန်ဝဥခေါက်ဆွဲကြော်နဲ့ ပတ်သတ်ပြီး သိချင်တာ၊ မေးချင်တာ၊ အကြံဉာဏ်ပေးချင်တာလေးတွေရှိရင်လည်း comment မှာ ရေးသွားပေးလို့ရပါတယ်။ ကြည့်ရှုသူပရိသတ်တွေလည်း မိမိတို့အိမ်မှာ ချက်စားဖြစ်တဲ့ ဟင်းလျာတွေ ၊ မုန့်လုပ်နည်းတွေကိုလည်း comment မှာ ဝေမျှပေးသွားပါဉီးနော်။ ချက်ပြစေချင်တဲ့ ဟင်းလျာတွေရှိရင် ရေးသွားပေးလို့ ရပါတယ်။ နောက်အပတ်တွေမှာလည်း ဘာတွေချက်ပြပေးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှု ပေးကြပါဉီးနော်။ ပုစွန်ဝဥခေါက်ဆွဲကြော် စံထိပ်ထား ဝဥခေါက်ဆွဲ - ၁ထုပ် ပုစွန် - ၁၅၀ဂရမ် ထိုင်ဝမ်မုန်ညင်း - ၂၀ဂရမ် ဗိုလ်စားပဲ - ၁၀ဂရမ် ဂေါ်ဖီ - ၁၅ဂရမ် ရွှေပဲ - ၁၅ဂရမ် မုန်လာဥနီ - ၄၀ဂရမ် ဆား - အနည်းငယ် (ဟင်းသီးဟင်းရွက်ဆေးရန်) ရှလကာရည် - အနည်းငယ် (ဟင်းသီးဟင်းရွက်ဆေးရန်) ကြက်သွန်ဖြူ - ၂မြွှာ (နုပ်နုပ်စဉ်း) ဆီ - စားပွဲဇွန်း ၁ ၁/၂ ဇွန်း ပဲငံပြာရည်(အကြည်) - စားပွဲဇွန်း ၁ ၁/၂ဇွန်း သကြား - အနည်းငယ် တို့ဖြစ်ပါတယ်။ #Taste_Window_Magazine #Food_Magazine_Myanmar #Half_Potato_Food_Television #TinTinOo #ဒီနေ့ဘာချက်ရင်ကောင်းမလဲ #ပုစွန်ဝဥခေါက်ဆွဲကြော် #cooking_program