У нас вы можете посмотреть бесплатно ကာလဝိပတ္တိသင့်ကြသူများ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
လေယာဉ်နဲ့ လိုက်လံဗုံးကြဲခံရလို့ ပြေးစရာမြေမရှိတော့တဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထင်လင်း(MFP)၊ ရုပ်သံဆောင်းပါး “အမေကြီးတို့ အခု လေယာဉ်သံကြားရင်ကို ကြောက်နေတာ၊ အခု ငါတို့ ဘယ်ဆီကို တိမ်းရမတုန်း၊ ဘယ်ဆီကို နေရမတုန်းလို့ ဆိုတဲ့ဟာကိုပဲ မိသားစု ကြောက်ကိုနေတာ၊ နောက်ထပ်ကိုလည်း ဆုံးရှုံးရမှာ ကြောက်တာ” ဒေါ်တင်ဝင်းတို့ မိသားစုဟာ မန္တလေးတိုင်း မတ္တရာနယ် ဇာတိဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စုက မတ္တရာနယ် ကျေးရွာတွေကို လေကြောင်းဗုံးကြဲလို့ အသက်အန္တရာယ်က ကင်းလွတ်ရေး စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဒေါ်တင်ဝင်းတို့ မိသားစု စစ်ဘေးရှောင်ရင်း ယာယီနေထိုင်တဲ့ နေရာကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေါ်တင်ဝင်းရဲ့ ခင်ပွန်းသည်၊ သားအကြီးနဲ့ အိမ်ထောင်သည် သမီးတို့၊ စုစုပေါင်း သုံးဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။ စစ်အုပ်စုက လိုက်လံဗုံးကြဲသတ်ဖြတ်လို့ မိသားစုတွေ အသက်ဆုံးရှုံးပြီး ပြေးစရာ မြေမရှိဖြစ်နေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအကြောင်း MFP က တင်ဆက်ထားပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး (Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။) Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook: / mandalayfreepress YouTube: / @mandalayfreepressmfp #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်