У нас вы можете посмотреть бесплатно Khit Thit Morning News | March 6 , 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ မတ် ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာလာတဲ့အထိ ပဋိပက္ခတွေအဆုံးသတ်မယ့် အရိပ်အယောင် မတွေ့ရသေးတာကြောင့် စစ်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေ ရပ်တန့်စေဖို့ နိုင်ငံတကာအနေနဲ့ အရေးပေါ် ဖိအားပေးဆောင်ရွက်ကြဖို့ ကုလသမဂ္ဂလက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ ကရင်နီပြည် မယ်စဲ့မြို့နယ်ထဲမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းတစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီပြည်ကြားကာအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ် ဟိုပင်မြို့ မြသာယာရပ်ကွက်မှာ ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့အမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေ က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ အမေရိကန်တပ်တွေ မြေပြင်မှာ ကျူးကျော်လာရင် ‘အရှက်ခွဲပစ်မယ်’ လို့ အီရန် ထိပ်တန်းအရာရှိက သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။