У нас вы можете посмотреть бесплатно ခရစ်တော်၏ဧဝံဂေလိအသက်တာ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ခရစ်တော်အန်ဆန်ဟုန်း၏ ဧဝံဂေလိအသက်တာ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော် အန်ဆန်ဟုန်းဟာ (၁၉၄၈)ခုနှစ် အသက် (၃၀)နှစ်မှာ ဗတ္တိဇံခံပြီး ဒါဝိဒ်မင်းကြီးရဲ့ ကြိုတင်ဟောစကားအတိုင်း အမှန်တရားအလင်းကို ထွန်းလင်းစေဖို့ သူ့ရဲ့ ဧဝံဂေလိအသက်တာကို စတင်ခဲ့ပါတယ်။ သူဟာ လူသားတွေကို ကယ်တင်ဖို့အတွက် လူသားတစ်ဦးအနေနဲ့ ဒီမြေကြီးကိုကြွလာပြီး ဘုန်းအသရေမဟုတ်ဘဲ ဒုက္ခဝေဒနာတွေနဲ့ ပြည့်နှက်တဲ့ဘဝကို နေထိုင်ခဲ့ပါတယ်။ သူဟာ (၁၉၁၈)ခုနှစ်မှာ မွေးဖွားခဲ့တဲ့အတွက်၊ ဂျပန်သိမ်းပိုက်မှုကာလအတွင်း ပြင်းထန်တဲ့ အနိုင်ကျင့်မှုနဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ခရစ်တော် အန်ဆန်ဟုန်းရဲ့ ဧဝံဂေလိအမှုတော် စတင်တဲ့အချိန်မှာ၊ ကိုရီးယားသမ္မတနိုင်ငံဟာ ဝိညာဉ်ရေးရာ မြုံနေတဲ့မြေလိုမျိုး ပျက်စီးယိုယွင်းနေတဲ့ အခြေအနေတွေမှာ ရှိနေခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ကလည်း အရမ်းညံ့ဖျင်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက၊ ဂျပန်အင်ပါယာအုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့တဲ့ ကိုရီးယားသမ္မတနိုင်ငံဟာ၊ (၁၉၅၀)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအပြီးမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် အဆင့်ကျသွားခဲ့ပြီး လူတိုင်းက ပြင်းထန်တဲ့ ဘဝရဲ့အခက်အခဲတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ချစ်ခြင်းမေတ္တာနှင့် ပေးဆပ်မှုအားဖြင့် တည်ထောင်ခဲ့သော ပဋိညာဉ်တရားသစ် လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ် လုပ်ခဲ့သလိုပဲ၊ ခရစ်တော်အန်ဆန်ဟုန်းဟာ လူတွေရဲ့ မထီမဲ့မြင်ပြုခြင်းနဲ့ အရှက်ခွဲခြင်းခံခဲ့ရပေမယ့်လည်း၊ ခက်ခဲတဲ့အလုပ်တွေကို လုပ်ဆောင်ရင်း အသက်ရဲ့ပညတ်တော်ကို စောင့်ရှောက်ပြီး ဧဝံဂေလိကို ဟောပြောခဲ့ပါတယ်။ လူအများစုဟာ အသက်မွေးဝမ်းကျောင်းပြုဖို့ ခက်ခဲပြီး ဆာလောင်မွတ်သိပ်နေတဲ့ ခေတ်ကာလမှာ ခရစ်တော်အန်ဆန်ဟုန်းဟာ ဥပုသ်နေ့အပါအဝင် ဘုရားသခင်ရဲ့ ပညတ်တော်တွေကို လိုက်နာခြင်းရဲ့ ပုံသက်သေကိုပြဖို့အတွက်၊ လူတွေ ရှောင်ရှားတဲ့ ကျောက်ပန်းရံအလုပ်ကို လုပ်ခဲ့ရပါတယ်။ ဒီပင်ပန်းတဲ့အလုပ်ကြောင့် သူ့လည်ပင်းအနောက်ဘက်မှာ လက်သီးဆုပ်လောက်ရှိတဲ့ အမာရွက်တွေ ရှိလာခဲ့ပါတယ်။ သူဟာ ခက်ခဲတဲ့အလုပ်ကနေ ရရှိတဲ့လုပ်ခကို တရားဟောကုန်ကျစရိတ်နဲ့ အသက်ရဲ့ အမှန်တရားစာအုပ်ကိုရေးသားဖို့ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် သူဟာ သူ့ဆာလောင်မှုကို မုယောဂျုံယာဂုနဲ့ မကြာခဏ ဖြည့်ဆည်းခဲ့ပြီး၊ အစာမစားခဲ့ရတဲ့ရက်တွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒီလို ပင်ပန်းကြမ်းတမ်းတဲ့အလုပ်ပြီးနောက်၊ သူဟာ လူသားအားလုံးရဲ့ကယ်တင်ခြင်းအတွက် စာအုပ်တွေကို တစ်ညလုံး ရေးသားခဲ့ပြီး မရေမတွက်နိုင်တဲ့ အစာရှောင်ခြင်းနဲ့ ပေးဆပ်မှုအားဖြင့် ပဋိညာဉ်တရားသစ် အသက်ရဲ့အမှန်တရားကို ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်။ ခရစ်တော် အန်ဆန်ဟုန်းဟာ ဒီမြေကြီးပေါ်မှာ သူ့အသက်မကုန်ဆုံးခင် လေးနှစ်အလိုမှာ၊ မီဒီယာတွေကတစ်ဆင့် သူ့သေခြင်းအကြောင်းကို ကြိုတင်ဟောပြောခဲ့ပြီး အသင်းတော်ကို တပည့်တွေဆီ ယုံကြည်အပ်နှံခဲ့ပါတယ်။ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိ သာသနာပြုအဖွဲ့အစည်းဟာ ခရစ်တော် အန်ဆန်ဟုန်းရဲ့ စံနမူနာကို လိုက်နာပြီး၊ ပဋိညာဉ်တရားသစ် အမှန်တရားကို စောင့်ရှောက်ပြီး ကမ္ဘာတစ်ဝန်းလုံးက လူပေါင်း (၇.၈)ဘီလီယံဆီ ကယ်တင်ခြင်းသတင်းကို ဟောပြောကြပါတယ်။ [ဤ ဗီဒီယို၏ မူပိုင်ခွင့်နှင့် ထုတ်လုပ်ဖြန့်ဖြူးခွင့် အားလုံးကို ဘုရားသခင်၏အသင်းတော် ကမမ္ဘာ့ဧဝံဂေလိ သာသနာပြု အဖွဲ့အစည်းမှ ပိုင်ဆိုင်ပါသည်။ ခွင့်ပြုချက်မရှိဘဲ ကူးယူဖြန့်ဖြူးခြင်းကို တားမြစ်ပါသည်။] 〖World Mission Society Church of God〗http://watv.org 〖WATV Media Cast〗 http://watvmedia.org/my 〖Church of God Introduction〗 http://introwmscog.com