У нас вы можете посмотреть бесплатно ရန်ကုန်နဲ့ နီးနီး အပန်းဖြေဖို့ကောင်းတဲ့ Sunset RiverView Campground или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ရန်ကုန်ရဲ့ မွမ်းကြပ်မှုတွေအဝေး ခဏပြေးထွက်ကြည့်ချင်သူတွေအတွက် နေရာကောင်းလေးလို့ ဆိုချင်ပါတယ်။ စိတ်ထွက်ပေါက်မဲ့ ကျဉ်းကြပ်နေရတဲ့ ခုလိုကာလမှာ ခရီးဝေးဝေးလည်း မသွားချင်၊ အပျော်လွန်တယ်ဆိုတာမျိုးလည်း မဟုတ်ဘဲ၊ ခဏတာ စိတ်ထွက်ပေါက်လေးအဖြစ် ရန်ကုန်ဝန်းကျင် နီးနီးနားနားကိုပဲ သွားချင်သူတွေအတွက် Sunset RiverView Campground က တစ်မျိုးတစ်ဘာသာ ထူးခြားမှုပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်ရောက်တဲ့နေ့က မိုးလေးအုံ့နေတော့ စိတ်ထဲ အင်းလေး ရောက်သလားထင်ရလောက်အောင် ပတ်ဝန်းကျင်အနေအထားက စိတ်ကို လန်းဆန်းတက်ကြွသွားစေတယ်။ စိတ်ညစ်တာတွေရော စိတ်ပျော်တာတွေရော ဘာတစ်ခုမှ ခေါင်းထဲမရှိတော့ဘဲ ရှင်းလင်းပြီး နေရထိုင်ရ ပေါ့ပါးသွားတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးခပ်ဝေးဝေး မသွားရဘဲ နားသင့်တဲ့နေရာပါပဲ။ Tent လေး ငှားပြီးနေမလား၊ Private အိမ်လေး ငှားနေမလား အဆင်ပြေစေတယ်။ နေ့ချင်းပြန်သူတွေကို နေ့လည်စာ နဲ့ ညနေအဆာပြေ ကျွေးမွေးသလို၊ ညအိပ်သူတွေကိုလည်း ညစာ နဲ့ မနက်စာ ကျွေးမွေးပါတယ်။ ဈေးအားဖြင့်လည်း ယာယီတဲ အသေးအကြီးပေါ်မူတည်ပြီး တစ်ယောက်ကို ၂၀,၀၀၀ နဲ့ ၂၅,၀၀၀ ကျပ်ပဲ ဆိုတော့ သက်သက်သာသာ ရှိလွန်းတယ်ဆိုရမယ်။ အိမ်ကတော့ ၁ သိန်းခွဲပေါ့။ လာမယ့်လူဦးရေကိုတော့ ကြိုတင်ဖုန်းဆက်ပြောဆိုရပါလိမ့်မယ်။ နားရုံသက်သက်မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားလုပ်ချင်သေးရင် ခြံကျယ်ကြီးထဲဲ သီးပင် စားပင် ပန်းပင်တွေကြား လမ်းလျှောက်မလား စက်ဘီးစီးမလား အဆင်ပြေတယ်။ ချောင်းလေးဘေးမှာရှိနေတာမို့ လှေစီး လှေလှော် ရေကူး လုပ်လို့ရသေးတယ်။ ကျွန်တော်တို့ဆို အသားတွေ ဝယ်သွားပြီး ကင်စားကြသေးတာ။ ဒါတွေကိုလည်း လုပ်ဆောင်ပျော်ရွှင်နိုင်ပါသေးတယ်။ လှေစီး လှေလှော်အတွက်ကတော့ သီးသန့် ထပ်မံ ဝန်ဆောင်ခ ပေးရပါလိမ့်မယ်။ ဘာဖြစ်ဖြစ် အတော်လေးတော့ တန်ပါတယ်။ ဒီ Sunset RiverView လေးမှာ ခဏတာ အနားယူချင်လို့ ဆက်သွယ်မယ်ဆိုရင် ဖုန်း ၀၉ ၄၄၁ ၇၁၈ ၈၉၈ နဲ့ ၀၉ ၉၄၁ ၇၁၈ ၈၉၈ တို့ကို ဆက်သွယ်စုံစမ်းဘိုကင်တင်နိုင်ပါတယ်ဗျ... အားလုံးပဲ ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေဗျာ သီဟလုလင် (Thiha, the Traveller)