У нас вы можете посмотреть бесплатно လီနင် နှင့် ရုရှားတော်လှန်ရေး или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သမိုင်းမှာ ဗလာဒီမာလီနင် ကျော်ကြားခဲ့တဲ့ အမျိုးသားတစ်ဦးက ရုရှားနိုင်ငံမြို့တော် မော်စကိုကနေ ကီလိုမီတာ (၇၀၀) ကျော်၊ ဆင်(မ)ဘရိက်(Simbirsk) မြို့လေးမှာ မွေးဖွားခဲ့တဲ့ ဗလာဒီမာ အီလီယာချ် အူလ်ယာနောဗ် ဆိုသူ ဖြစ်ပါတယ်။ ရှေးဟောင်း ဂျူလီယန် ပြက္ခဒိန်နှစ်အရ သူ့မွေးနေ့က ၁၈၇၀ ခုနှစ်၊ ဧပြီလ(၂၂) သို့မဟုတ် (၁၀) ရက်လို့ သိရပါတယ်။ အဖေက အီလီယာ နီကိုလိုင်ယဗီချ် အူလ်ယာနောဗ်(Ilya Nikolayevich Ulyanov) ဖြစ်ပါတယ်။ ၁၈၃၁ ခုနှစ်၊ ရုရှားမြေကျွန် မိသားစုကနေ မွေးဖွား လာခဲ့သူ ဖြစ်ပါတယ်။ ကျွန် ဆိုပေမယ့် သူငယ်ဘဝက လွတ်လွတ်လပ်လပ် ကြီးပြင်းလာခဲ့ရပုံပါ။ ရူပဗေဒ နဲ့ သင်္ချာ သာသာရပ်တွေကို ခါဇန်(Kazan) တက္ကသိုလ်မှာ သင်ယူဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်းမှာ အသက်မွေးဝမ်း ကြောင်းအတွက် ပညာရေးမှူး၊ အစိုးရကျောင်း ကြီးကြပ်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ ဒီကနေ တစ်ဆင့် နိုင်ငံတော်ကောင်စီဝင် ဖြစ်လာပါတယ်။ နိုင်ငံတော်ကောင်စီဝင် ဖြစ်လာတယ်ဆိုတာက ၁၈၈၀ ခုနှစ် အစောပိုင်းမှာ သူပါဝင်ဆောက် ရွက် ပေးခဲ့ရတဲ့ ရုရှားအင်ပါယာ အစိုးရပညာရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အူလ်ယာနောဗ် ဟာ သာမည မင်း မျိုးမင်းနွယ်တော်ဝင်တွေရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာခဲ့လို့ဖြစ်ပါတယ်။ ဗလာဒီမာလီနင်ရဲ့ မိခင်အမည်က မာရီယာ အလက်န္ဒြားဗ်နာ ဘလင်ခ့် (Maria Alexandrovna Blank) ဖြစ်ပါ တယ်။ ဂျာမန်၊ ဆွီဒင်၊ ရုရှား နဲ့ ဂျူး ကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။ သို့သော် လီနင် တစ်ယောက် သူ့အမေက ဂျူး အနွယ်ဖြစ်တာကို သူသေ သွားတဲ့ထိ သိခဲ့ပုံမပေါ်ပါ။ ================== Ref: • Lenin & The Russian Revolution Documentary Recommendation : • ရုရှားသမိုင်း (ရုရိက် မှ တော်လှန်ရေးသို့) Music: Music by: - brandenburg concerto No4-1 BWV1049 - Classical Whimsical - Kevin MacLeod Minima by Kevin Macleod Martin Cowboy by Kevin Macleod