У нас вы можете посмотреть бесплатно နောင်ချိုကို စစ်ကောင်စီက ဗုံးထပ်ကြဲလို့ ထိခိုက်မှုများ... ထားဝယ်အထူးစီးပွားဇုန် ပြန်စရေးအတွက်... или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နောင်ချိုကို စစ်ကောင်စီက ဗုံးထပ်ကြဲလို့ ထိခိုက်မှုများ... ထားဝယ်အထူးစီးပွားဇုန် ပြန်စရေးအတွက် ရုရှားက ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... ၂၃ ဇန်နဝါရီ ၂၀၂၅ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ဒေသ နောင်ချိုမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီးတွေ အပါအဝင် အရပ်သား ၈ ဦး သေဆုံးတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၂၊ မနက် ၁၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက ဗုံး ၂ လုံးကြဲသွားပြီး နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီ လက်ဖက်ရည်ဆိုင် အနီး ကျရောက်ပေါက်ကွဲရာမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး သေဆုံးပြီး တဦး ဒဏ်ရာရတယ်၊ ရဲစခန်းနဲ့ နေအိမ် ၂ လုံး ပျက်စီးတယ်လို့ ဆိုပါတယ်။ နောင်ချိုကို ၂ ရက်ဆက်တိုက် ဗုံးကြဲတာဖြစ်ပြီး ဇန်နဝါရီ ၂၁ ကလည်း ဗုံးဒဏ်ကြောင့် တဦးသေ၊ ၂ ဦး ဒဏ်ရာရပြီးဖြစ်ပါတယ်။ ဒါ့အပြင်... စစ်ကောင်စီ လေယာဉ်တွေဟာ ရှမ်းမြောက်က နောင်ချိုအပြင် စစ်ကိုင်းတိုင်း ခမ်းပတ်မြို့၊ ချင်းပြည်နယ် ဖလမ်းမြို့၊ ကရင်နီ မိုးဗြဲမြို့နဲ့ ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကိုလည်း ဇန်နဝါရီ ၂၂ မှာ တချိန်တည်းနီးပါး ဗုံးကြဲ... မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်၊ ရှမ်းမြောက်က နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၂၁ က စပြီး တိုက်ပွဲ ပြင်းထန်နေ... တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည် စတင်ရေးအတွက် ရုရှားသံအမတ်ကြီးနဲ့ စစ်ကောင်စီခန့် တနင်္သာတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ဆွေးနွေး ... ဘုတ်ပြင်းမြို့နယ်၊ ခမရ ၅၅၅ က စစ်သား ၃ ဦးဟာ လက်နက်တွေနဲ့ အတူ PDF အမှတ် ၂၇ စစ်ဗျူဟာထံ အလင်းဝင်... လွိုင်ကော် အခြေစိုက် ခလရ ၂၆၁ က တပ်သားသစ် တဦးဟာလည်း လက်နက်နဲ့အတူ KNDF ထံ အလင်းဝင်... ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ သတင်း အင်တာဗျူး youtube ချယ်နယ် / burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။