У нас вы можете посмотреть бесплатно ပုလဲက ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ပုလဲ၊ ဇွန် ၁၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ Myanmar's Royal Dragon Army-MRDA တို့ ဇွန်လ ၁၁နဲ့ ၁၂ရက်တွေမှာ ၂ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်အား ၁၅၀ ဝန်းကျင်နဲ့ ပုလဲမြို့ကနေထွက်လာတဲ့ စစ်ကြောင်းကို ပုလဲမြို့နယ်အတွင်းက နွယ်ရှောက်ရွာအရှေ့ဘက်၊ လျှော်ဖြူခြံအနီးမှာ ဇွန်လ ၁၁ ရက် မနက် ၉ နာရီ တကြိမ်၊ နွယ်ရှောက်ရွာနဲ့ လှော်ကားရွာအကြားမှာ ဇွန်လ ၁၂ ရက် မနက် ၈ နာရီတကြိမ် တိုက်ပွဲဖြစ်ခဲ့တာလို့ Myanmar's Royal Dragon Army-MRDA တာဝန်ခံက ပြောပါတယ်။ "ကျနော်တို့စစ်ကြောင်းက ပထမဦးဆုံး ၆၀ မမ ၃ လုံး၊ ၄၀ မမ ၁ လုံးနဲ့ စပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်တာ နာရီဝက်လောက်ကြာသွားတယ်။ ကျနော်ပစ်လိုက်တာတော့ ၂ ယောက်တော့ လဲသွားတယ်လို့ ရဲဘော်တွေက မြင်လိုက်ရတာ။ ဒဏ်ရာအပြင်အထန်ရပြီး လှော်ကားရွာထဲအရောက်မှာ ဆေးကုသမှုလုပ်ကြတယ်။ အင်မထီးပျူရွာအရောက် သေပြီးတော့ တဲတလုံးပေါ်တင်ပြီး မီးရှို့နေတာတွေ့လို့ ဒေသခံပြည်သူတွေက ဖုန်းဆက်ပြောလို့သိရတာ" လို့ ဆိုပါတယ်။ ဇွန်လ ၁၁ ရက်တိုက်ပွဲဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာ နွယ်ရှောက်ရွာထဲဝင်သွားပြီး ညအိပ်စခန်းချကာ ၁၂ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်မှာ နွယ်ရှောက်ရွာက ပြန်ထွက်သွားချိန် လှော်ကားရွာနဲ့ နွယ်ရှောက်ရွာအကြားမှာ MRDA နဲ့ နာရီဝက်ကြာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဇွန် ၁၂ ရက် ထိတွေ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး ပစ်ခတ်မှုအကွာအဝေးက မီတာ ၁၅၀၊ ၂၀၀ အတွင်းမှာဖြစ်ခဲ့ကာ MRDA ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာခဲ့တယ်လို့ ဆက်ပြောပါတယ်။ ၂ ရက်တာ တိုက်ပွဲဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဟာ ဇွန်လ ၁၂ ရက် ညနေပိုင်းလောက်မှာ လှော်ကားရွာထဲကနေ လှည်းအစီး ၅၀နဲ့ ရိက္ခာတွေတင်ပြီး အင်မထီးပျူရွာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #ပုလဲ #ထိတွေ့တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #PDF 11m