У нас вы можете посмотреть бесплатно ရဲယိုပင်လေး ကုတ်တွယ်ရှင်သန်သီးပွင့် နေရှာ /NoniTree/MorindaCitrifolia L./Coffee Family/Rubiaceae или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#plants #Noniplants #morindacitrifolia #rubiaceae #coffeefamily #youtube #videos #youtubevideos #youtubemyanmar #youtubemyanmarchannel Nonifruit (Morinda citrifolia) is a fruit-bearing tree in the coffee family, Rubiaceae, native to Southeast Asia and Australasia, which was spread across the Pacific by Polynesian sailors. The species is now cultivated throughout the tropics and widely naturalised.There are over 100 names for this fruit across different regions, including great morinda, Indian mulberry, noni, beach mulberry, vomit fruit, awl tree, and rotten cheese fruit. Ref; Google The Power of Noni Leaf The leaves can be boiled and consumed like tea, to treat fever. Chewing Noni leaves can relieve sore throat. Blood clots can be prevented by applying noni leaf extracts. The leaves can be powered and used to treat burns, boils, and wounds as well. Ref ; Google ရဲယိုသီးကို အင်္ဂလိပ်လို Non Fruit လို့ခေါ်ပါတယ်။ ရဲယိုပင်ဟာ ကျွန်မတို့မြန်မာနိုင်ငံမှာ ကျယ်ပြန့်စွာပေါက်ရောက်ပါတယ်။ ရဲယိုပင်ဟာ အပင်ငယ်တစ်မျိုးဖြစ်ပြီး ပင်စည်ကတော့ ဖြောင့်တန်းပါတယ်။ ပုံစံခပ်ဆိုးဆိုး ရဲယိုသီးဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ရဲယိုဟာ အပွင့်၊ အသီး၊ အရွက်၊ အခက်၊ ပင်စည်၊ အခေါက်နဲ့ အမြစ်ပါမကျန် တစ်ပင်လုံး ဆေးဘက်ဝင်တဲ့ ပရဆေးပင်ဖြစ်ပါတယ်။ ရဲယိုသီးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ကိုယ်ခန္ဓာခုခံစွမ်းအားအနိမ့်အမြင့်ကိုပြတဲ့ ဓာတ်ခွဲစမ်းသပ်မှုမှာ အမှန်တကယ်မြင့်တက်စေလိုတာကို ခေတ်မီဆေးသိပ္ပံသုတေသနတွေက ဖော်ပြနေကြပါသည်။ သကြားဓာတ်အမျိုးမျိုးဖြစ်တဲ့ ဂလူးကို့ဆိုက်တွေပါဝင်ပြီး ရဲယိုသီး၊ ရဲယိုရွက်တွေမှာပါဝင်တဲ့ ကလူးကို့ဆိုက်တွေဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့သတ္တိရှိတဲ့ အင်တီအောက်စီဒင့်များအဖြစ် ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အရာတွေများစွာပါဝင်ပါတယ်။ ရဲယိုသီးကို ကျန်းမာရေးအတွက် စားချင်သော်လည်း ရဲယိုသီးရဲ့အနံ့အရသာကြောင့် မစားနိုင်မှာ စိုးရိမ်နေသူများအတွက် ရဲယိုသီးကို ထန်းလျက်နဲ့သော်လည်းကောင်း၊ ပျားရည်နဲ့သော်လည်းကောင်း ရောပြီး ယိုထိုးကာစားသုံးနိုင်ပါသည်။ ယခုအခါ ရဲယိုသီးကိုအသုံးပြုပြီး ဖော်စပ်ထားသော ဆေးဝါးဓာတ်စာများလည်းပေါ်နေပြီဖြစ်သည့်အတွက် ထိုဆေးဝါးဓာတ်စာများကိုစားသုံးပါကလည်း ရဲယိုသီးကိုစားသလို အကျိုးများစေပါသည်။ ကမ္ဘာပေါ်ရှိ အပင်များထဲတွင် ရဲယိုပင်သည် XERONINE အမြင့်မားဆုံးဖြစ်ပါသည်။ နာနတ်သီးတွင် ပါဝင်မှုထက် ရှစ်ဆပိုများပါသည်။ ရဲယိုသီးမှာပါဝင်တဲ့ XERONINE ဆိုတာ ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲနိုင်အောင် ထိထိရောက်ရောက်ကာကွယ်ပေးပါတယ်။ ရဲယိုသီးပုံမှန်စားသုံးနေသူတွေဟာ အရေပြားကင်ဆာဖြစ်ဖို့ အလားအလာနည်းပါတယ်။ ရဲယိုသီးကို အကိုက်အခဲပျောက်ဆေး (သို့မဟုတ်) ခေါင်းကိုက်ပျောက်စေတဲ့အသီးလို့ခေါ်ကြပါတယ်။ ရဲယိုဟာ သွေးတိုးနေတဲ့သူတွေရဲ့ သွေးဖိအားကို တည်ငြိမ်အောင်ထိန်းပေးနိုင်တာကိုတွေ့ရပါတယ်။ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့ နှစ်ရွက် နေ့စဉ်တို့စားတာဟာ အစာအိမ်ရောဂါပျောက်ကင်းကြောင်း၊ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကိုတို့စားခြင်း၊ အခြောက်လှမ်းအမှုန့်လုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါလက်တွေ့ပျောက်ကင်းနိုင်ကြောင်းသိရပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အသီးတွေက ကမ္ဘာပေါ်မှာ အများကြီးပါ။ အဲ့ထဲမှ ရဲယိုသီးကိုရွေးချယ်ပြီး ထုတ်လုပ်ရခြင်းမှာ ကင်ဆာပျောက်တဲ့ ထိပ်တန်းအသီး (၃၀၀)အနက် ရဲယိုသီးက ထိပ်တန်း(၁၀)ခုထဲမှာပါလို့ ရွေးချယ်ရတာဖြစ်ကြောင်းသိရပါတယ်။ ရဲယိုသီး၏ အသီးကိုရော အရွက်ကိုရောစားသုံးနိုင်ကြသော်လည်း အသီး၏စူးရှသောအနံ့ကို မကြိုက်ကြသောကြောင့် အသီးကိုစားသုံးသူနည်းပါးပါတယ်။ အနံ့ခံနိုင်သူများကမူ ရဲယိုသီးမှည့်၏ ပူရှိန်းရှိန်းအရသာကို တစ်မျိုးတစ်မည်နှစ်သက်ကြသဖြင့် ဆေးဖက်ဝင်အသီးတစ်မျိုးအဖြစ် ထန်းလျက်နဲ့နယ်၍ စားသုံးကြပါတယ်။ ရဲယိုရွက်မှာ ခါးသော်လည်း လေနိုင်သောအရွက်တစ်မျိုးဖြစ်သည်။ ငါးခူ၊ ငါးရံ့ စတဲ့ငါးတစ်မျိုးကို ရဲယိုရွက်နုနုနဲ့ ငါးပေါင်းထုပ်လုပ်စားလေ့ရှိကြရာ ရဲယိုရွက်၏ ခါးသက်သက်အရသာကြောင့် ငါးပေါင်းထုပ်သည် ပို၍အရသာထူးကဲသည့် မြန်မာငါးပေါင်းထုပ်တွင် ရဲယိုရွက်မှာ မပါမဖြစ်သောပစ္စည်းတစ်ရပ်ဖြစ်သည်။ ငါး၊ ပုစွန် စတဲ့တစ်မျိုးမျိုးနှင့် ရဲယိုရွက်ကို ငါးပေါင်းကြော် ကြော်၍သော်လည်းကောင်း စားသုံးကြပါတယ်။ ရဲယိုရွက်နုလေးတွေကို မီးအုံး၍လည်းကောင်း၊ ရေနွေးဖျော၍လည်းကောင်း၊ အတို့အမြုပ်ပြုလုပ်၍လည်း စားသုံးကြလေသည်။ ရဲယိုသီးမှည့်ကို ထန်းလျက်နဲ့နယ်၍ တစ်ညခန့်သိပ်ထားပြီးသည့်နောက် ကောင်းစွာခေါက်၍ ဆားအနည်းငယ်ထည့်ပြီးလျှင် သုံးဆောင်ပါက ဝမ်းဖော၊ ဝမ်းရောင်၊ ရင်ကယ်ရောဂါများပျောက်ကင်း၍ ရင်ချောင်စေပါသည်။ ချောင်းဆိုးသော် ပျားရည်နှင့်နယ်၍ စားသုံးပါက လျှင်မြန်စွာပျောက်ကင်းတတ်ပါကြောင်းလေ့လာသိရှိရသမျှ ရေးသားတင်ပြလိုက်ရပါတယ်။ DOCA(ပဲခူး) Calm and Peaceful by LesFM | https://lesfm.net/relaxing-background... Music promoted by https://www.chosic.com/free-music/all/ Creative Commons CC BY 3.0 https://creativecommons.org/licenses/... Calm and Peaceful by LesFM | https://lesfm.net/relaxing-b ackground-music/ Music promoted by https://www.chosic.com/free-music/all/ Creative Commons CC BY 3.0 https://creativecommons.org/licenses/... Calm and Peaceful by LesFM | https://lesfm.net/relaxing-background... Music promoted by https://www.chosic.com/free-music/all/ Creative Commons CC BY 3.0 https://creativecommons.org/licenses/...