У нас вы можете посмотреть бесплатно မြတ်စွာဘုရားရှင်၏ညီတော် နန္ဒမထေရ်မြတ်အကြောင်းတရားတော် [ အရှင်ဣန္ဒာစရိယ (သီတဂူ) ] или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နတ်လူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် လည်စေအပ်သော မြတ်သော တရားတည်းဟူသော စကြာရတနာရှိတော်မူသည်ဖြစ်၍၊ ဝါ၊ ဓမ္မစကြာတရား ဟောကြားတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလေသည်။ထို့နောက် နှစ်ရက်မြောက်သောနေ့၌ ညီတော် နန္ဒမင်းသားအား အဘိသိက်သွန်းလောင်းသောမင်္ဂလာ, အိမ်တက်မင်္ဂလာ, ထိမ်းမြားမင်္ဂလာတို့သည် ဖြစ်လတ်ကုန်သည်ရှိသော် ဆွမ်းအလို့ငှာ ကြွဝင်တော်မူသဖြင့် မင်္ဂလာတရား ဟောကြားပြီး နေရာမှထ၍ ကြွသွားတော်မူသည်ရှိသော် နန္ဒမင်းသား၏လက်မှ သပိတ်တော်ကို မယူဘဲသာလျှင် ကြွသွားတော်မူလေ၏။ နန္ဒမင်းသားသည်လည်း ဘုရားရှင်၌ ရိုသေသောအားဖြင့် “နောင်တော်ဘုရား- နောင်တော်ဘုရားတို့သည် သပိတ်တော်ကို ယူတော်မူကြပါကုန်လော့”ဟု လျှောက်ထားခြင်းငှာ မဝံ့ရကား “နောင်တော်ဘုရားသည် စောင်းတန်း လှေကားဦး၌ သပိတ်တော်ကို ယူလတ္တံ့”ဟု ဤသို့ကား ကြံစည်လေ၏။ မြတ်စွာဘုရားသည် ထိုစောင်းတန်းလှေကားဦး၌လည်း သပိတ်တော်ကို ယူတော်မမူ။ နန္ဒမင်းသားသည် “စောင်းတန်းလှေကားရင်း၌ ယူလတ္တံ့”ဟု ကြံစည်ပြန်လေ၏။ မြတ်စွာဘုရားသည် ထိုစောင်းတန်း လှေကားရင်း၌လည်း ယူတော်မမူ။ နန္ဒမင်းသားသည် “မင်းရင်ပြင်သို့ရောက်လျှင် ယူတော်မူလတ္တံ့”ဟု ကြံစည်ပြန်လေ၏။ မြတ်စွာဘုရားသည် ထိုမင်းရင်ပြင်၌လည်း ယူတော်မမူ။ နန္ဒမင်းသားလည်း ပြန်လည်ခြင်းငှာ အလိုရှိသဖြင့် မနှစ်သက်ဘဲသာ လိုက်သွားရာ မြတ်စွာဘုရား၌ ရိုသေသော ဂါရဝတရားဖြင့် “နောင်တော်ဘုရားတို့သည် သပိတ်တော်ကို ယူတော်မူကြပါကုန်လော့”ဟု လျှောက်ထားခြင်းငှာ မဝံ့ရှာလေ။ “ဤအရပ်သို့ရောက်လျှင် ယူတော်မူလတ္တံ့၊ ထိုအရပ်သို့ရောက်လျှင် ယူတော်မူလတ္တံ့”ဟု ကြံစည်၍သာ လိုက်သွားရှာရ၏။ထိုခဏ၌ မောင်းမအပေါင်းတို့သည် ဇနပဒကလျာဏီမင်းသမီးအား “အရှင်မ- မြတ်စွာဘုရားသည် နန္ဒမင်းသားကို ခေါ်ဆောင်၍ ကြွသွားတော်မူလေပြီ၊ သခင်မတို့သည် ထိုနန္ဒမင်းသားနှင့်ကင်း၍ အဘယ်သို့သော အမှုကို ပြုကြကုန်လတ္တံ့နည်း”ဟု ပြောကြားကြလေကုန်၏။ ဇနပဒကလျာဏီ မင်းသမီးသည် ထိုသူတို့ပြောကြားသော စကားကို ကြားလေလျှင် ယိုစီးသော မျက်ရည်ပေါက်ရှိသော ထက်ဝက်မျှ ဖြီးအပ်ပြီးသော ဆံပင်တို့ဖြင့် လျင်စွာသွား၍ “အရှင့်သား- မြန်မြန်ကြီးသာ ပြန်ခဲ့ပါလော့”ဟု မှာကြားလိုက်လေ၏။ မှာလိုက်သော ထိုဇနပဒကလျာဏီ မင်းသမီး၏ စကားသည် နန္ဒမင်းသား၏ နှလုံးထဲ၌ ဖီလာကန့်လန့် ကျဝင်လာသကဲ့သို့ စွဲမြဲစွာ တည်လေ၏။ မြတ်စွာဘုရားသည်လည်း ညီတော်နန္ဒမင်းသား၏လက်မှ သပိတ်တော်ကို မယူဘဲသာလျှင် နန္ဒမင်းသားကို ကျောင်းတော်သို့အရောက် ဆောင်တော်မူ၍ “ညီတော် နန္ဒ- ရဟန်းပြုလတ္တံ့လော”ဟု မေးတော်မူ၏။ နန္ဒမင်းသားလည်း မြတ်စွာဘုရား၌ ရိုသေသောအားဖြင့် “ရဟန်းမပြုနိုင်ပါ”ဟု မလျှောက်ဝံ့သဖြင့် “မှန်လှပါ- ရဟန်းပြုပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်မူ နန္ဒမင်းသားကို ရဟန်းပြုကြကုန်လော့”ဟု မိန့်တော်မူ၏။ ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ သုံးရက်မြောက်သောနေ့၌ နန္ဒမင်းသားကို ရဟန်းပြုတော်မူခဲ့ပုံအကြောင်းတရားတော်ကို ဒေါက်တာအရှင်ဣန္ဒာစရိယ (သီတဂူ) မှ ဟောကြားထားသောတရားတော်ဖြစ်ပါသည်။ မင်္ဂလာပါခင်ဗျာ ဤချန်နယ်တွင် ဆရာတော်ဘုရားကြီးများဟောကြားသော တရားတော်များ နှင့် ▶️စိတ်၀င်စားဖွယ်ရာ ဘုရားသမိုင်းကြောင်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများ၊ ဗုဒ္ဓဘာသာဆိုင်ရာဇာတ်တော် အကြောင်းအရာများကို ▶️ပရိတ်၊ ပဌာန်း စသည့် တရားဓမ္မနှင့်ပတ်သတ်သည့် Video ,များကိုနေ့စဉ်မပျက်မကွက် တင်ဆက်ပေးနေတာကြောင့် Subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ #ဓမ္မဒါန #တရားတော်များ # ပါချုပ်ဆရာတော်#သစ္စာရွှေစည်ဆရာတော် #အရှင်ကောဝိဒ#ပရိတ်ကြီး၁၁သုတ်#ပဌာန်း#videoedit#Buddha#Dhamma#Tayar #ဦးသုမင်္ဂလ #ဥူးသုမင်္ဂလ #ဒယ်အိုးဆရာတော် #သမိုင်းကြောင်း #ဗုဒ္ဓဝင် #ရှေးဟောင်းယဉ်ကျေးမှု #Historical #Bagan #documentary #သီတဂူကြယ်တပွင့် #သီတဂူ #ရှင်ဣန္ဒာစရိယ