У нас вы можете посмотреть бесплатно Preparation for earthquake donation или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
၂၈.၀၃.၂၀၂၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဖော်မပြနိုင်သော ဆုံးရှုံးမှုတွေ ၊ ဝမ်းနည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် FAME PHARMARCEUTICALS ကနေ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ ငလျင်ဒဏ်ကို ခံစားရသူတွေအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီ အနည်းအကျဥ်းပဲ ဖြစ်ဖြစ် ဖြစ်စေဖို့ ရည်ရွယ်ပြီးတော့ FAME ရဲ့ ပဲ့ကိုင်ရှင် ဆရာဒေါက်တာခင်မောင်လွင် နဲ့ မမဒေါက်တာခင်ခင်ဌေးတို့ လမ်းညွှန်မှုနဲ့အတူ ဆရာနဲ့ မမတို့ရဲ့ မိတ်ဆွေသူငယ်ချင်းများ၊ FAME ဝန်ထမ်းများအားလုံး စုပေါင်းအားဖြည့်ပါဝင်ကာ အိမ်ထောင်စု ၃၀၀ စာအတွက် လိုအပ်နိုင်မဲ့ ပစ္စည်းတွေကို စီစဉ်ပြီး ထုတ်ပိုးပြင်ဆင်ခဲ့ကြပါတယ်။ FAME Volunteer Task Force (FVTF) ရဲ့ အလှူလေးမှာ ပါဝင်အားဖြည့်လှူဒါန်းပေးကြတဲ့ အသိမိတ်ဆွေ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ရှိရပါတယ်။ ထုတ်ပိုး ပြင်ဆင်ခဲ့ပုံနဲ့ ပါဝင်တဲ့ အလှူပစ္စည်းတွေကို တခြားသော အလှူရှင်များကနေ လာရောက်မေးမြန်းတာတွေ များလာတာကြောင့် နောက်လှူဒါန်းမည့်သူများအတွက် ပြင်ဆင်ဖို့ အထောက်အကူဖြစ်စေရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။ ဆက်လက်ပြီး FAME မိသားစုမှလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အမြဲအသင့်ရှိနေမှာဖြစ်ပြီး အတတ်နိုင်ဆုံး ပါဝင်ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ခက်ခဲနာကျင် ဝမ်းနည်းခံစားရတဲ့ ဒီဘေးဒဏ်ကြီးကနေ ကျွန်တော်တို့ အချင်းချင်း ရိုင်းပင်းအားပေး ကူညီပြီး ဖြတ်သန်းသွားကြပါမယ်။ အားလုံးပဲ အားတင်းထားပါနော်။