Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ) в хорошем качестве

ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ) 3 месяца назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса ClipSaver.ru



ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)

ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)   ဧရာဝတီ ၊ နိုဝင်ဘာ ၂၀ ၊ ၂၀၂၄   အလုပ်သမား၊ အလုပ်ရှင်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းတာတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ပုဒ်မ ၃၃နဲ့ အရေးယူနိုင်ဖို့ အုပ်ချုပ်မှု ကော်မတီက အတည်ပြုထားပြီး ၂၀၂၅ ဇွန်လမှာ လုပ်မယ့် ILO ညီလာခံမှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။   အဲ့ဒီ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပခဲ့တဲ့ ILO ရဲ့ ၃၂၅ ကြိမ်မြောက် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပြီး Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူရေးအတည်ပြုဖို့ စာတမ်းတင်ပြခိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ထံက သိရပါတယ်။   မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ အခြေခံဥပဒေ ၃၃ အရ အရေးယူခံရမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၀ ပြည့်နှစ်က ပထမအကြိမ် အရေးယူခံခဲ့ရပါသေးတယ်။ လက်ရှိ ILO က မြန်မာစစ်တပ်ကိုအစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။   Article 33 အရအရေးယူမယ်ဆိုရင် ဘယ်လိုအရေးယူမှုတွေ ဖြစ်လာမလဲ ၊ ပထမတကြိမ်က အရေးယူခံရတာထက် ဘာတွေ ပိုပြီးထူးခြားလာနိုင်မလဲ၊ ဘယ်လောက်အထိ ထိထိရောက်ရောက် အရေးယူနိုင်မလဲ ၊ စစ်ကောင်စီက ဘယ်လိုတုန့်ပြန့်ထားလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင် ကိုဆက်သွယ်မေးမြန်းထား ပါတယ်။   #မြန်မာ #ဧရာဝတီ #ILO #Article33 #CTUM #ဒေါ်ခိုင်ဇာအောင် #လူ့အခွင့်အရေး #အလုပ်သမားအခွင့်အရေး #စစ်ကောင်စီ --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comments