У нас вы можете посмотреть бесплатно Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်မှုကြောင့် NCA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားပြီဖြစ်တယ်လို့ စစ်တပ်နဲ့အဆင်ပြေတဲ့ဆက်ဆံရေးရှိခဲ့တဲ့ ဗိုလ်ချုပ်ရွက်ဆစ်ရဲ့ RCSS တပ်က တရားဝင်ထုတ်ပြန်လိုက်ပြီး စစ်တပ်ကလုပ်တဲ့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်ပွဲကိုလည်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ် မတက်ဘူးလို့သိရပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေ ၊ ဒရုန်းတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့အပြင် ၊ နောက်ထပ်ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က ပြည်သူတွေအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေမှုကနေ ကယ်တင်ပေးရေးအတွက် မည်သို့ လုပ်ဆောင်နိုင်မလဲဆိုတာ အကြံပြုကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်းတောင်းဆိုသွားပါတယ်။