У нас вы можете посмотреть бесплатно Khit Thit Morning News | February 25, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး- (ICC) က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်လာမယ်ဆိုရင် ဖိလစ်ပိုင်၊ တီမောလက်စ်တေ၊ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှား တို့အနေနဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ ICC တရားရုံးကို လွှဲပြောင်းပို့ဆောင်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ- (SAC-M) က တိုက်တွန်းထားပါတယ်။ -ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၇ ဦးထိ ရှိလာပြီလို့ အာရက္ခတပ်တော်(AA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်တို့မှာ စစ်တပ်ယာဉ်တန်းနဲ့ ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုက အီရန်ကမ်းရိုးတန်းအနီးမှာ ကြီးမားတဲ့ ရေတပ်အင်အားစုတွေ ချထားပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာပဲ အီရန်ဟာ တရုတ်နိုင်ငံဆီကနေ အဆင့်မြင့်သင်္ဘောဖျက် ခရုစ်ဒုံးကျည် တွေ ဝယ်ယူဖို့ သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။