У нас вы можете посмотреть бесплатно Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ နဲ့ သမီး ခင်သီရိသက်မွန် အပြင် ချွေးမဖြစ်သူ တို့ကပါ Bebee TV နဲ့ Show Like Application တို့ကို ထူထောင် မိတ်ဆက်ပြီး မြန်မာ့ရုပ်ရှင်နဲ့အနုပညာ ဖျော်ဖြေရေး စျေးကွက်ထဲကို နည်းလမ်းမျိုးစုံနဲ့ ပြန်လည် ဝင်ရောက်လာနေပြန်တယ်လို့ သိရပါတယ်။ ပဲခူးတိုင်းက နတ်တလင်းမြို့နယ် ဆီဆုံကုန်း ကျေးရွားကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းတဲ့အချိန် ရွာထဲမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က လက်ပြန်ကြိုးတုတ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ဧရာဝတီတိုင်းက ရွှေသောင်ယံ ဘောမိကျေးရွာကို အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးဖောက်တိုက်ခိုက်တဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သား အယောက် ၆၀ ဝန်းကျင်ကို စစ််ကောင်စီတပ်က လျှပ်စစ်မီးပါ ဖြတ်ပြီး ချောင်းသာကတဆင့် သူတို့ရဲ့ ပုသိမ် နတခ ဌာနချုပ်နဲ့ မဆရ ၄ ဆေးတပ်ရင်း ကို လူနာတင်ကားတွေရော ကုန်ကားတွေနဲ့ပါ တင်ပြီး အသည်းအသန်ပို့နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။