У нас вы можете посмотреть бесплатно "စိတ်ထဲ ဝင်ရောက်လာတတ်တဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားခြင်း" လွန်းထားထား (ဆေးတက္ကသိုလ်) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
✨️ "စိုးရိမ်စိတ်ကို ဖယ်ရှားခြင်း"...တဲ့။ စိုးရိမ်စိတ်ဆိုတာလေးကြောင့် ကျွန်မတို့ရဲ့ရင်ထဲမှာ... "မပျော်ရွှင်နိုင်ခြင်း" ဆိုတဲ့ အရာတစ်ခုကို အမြဲလွယ်ပိုးထားရတတ်ပါတယ်။ ✨️ လက်လွှတ်ဆုံးရှုံးရမှာကို စိုးရိမ်တဲ့စိတ်ကြောင့် ဇွတ်အတင်းဆုပ်တွယ်ထားမိတတ်တာမျိုးတွေလည်း ရှိမယ်။ကိုယ်ဆုပ်တွယ်ထားမိတဲ့အရာက ဆူးတွေအပြည့်ဆိုရင် နာကျင်စေသလို အဆိပ်လိုအရာမျိုးဆိုရင်တော့....အဆိပ်ပါသင့်စေပါလိမ့်မယ်။ ✨️ ရင်ထဲမှာ... စိုးရိမ်စိတ်တစ်ခုခုကြောင့် မွန်းကြပ်နာကျင်နေရပြီဆိုရင် အဲ့ဒီစိုးရိမ်စိတ်ကို မြင်အောင်ကြည့်နိုင်ဖို့လိုအပ်ပါတယ်...တဲ့။ ✨️ ပြီးရင် ငါ ဘာကို စိုးရိမ်နေတာလဲ…ဘာကြောင့်ဒီလိုစိုးရိမ်နေရတာလဲဆိုတာကို သိအောင်ခွဲခြမ်းစိတ်ဖြာကြည့်ရပါမယ်။ ✨️ စိုးရိမ်စိတ်တစ်ခုဖြစ်လာတိုင်း "ကုသိုလ်အာရုံ"လေးတစ်ခုနဲ့ အစားထိုးလဲလှယ်ပေးလိုက်ပါ...တဲ့။ ✨️ နောက်ပိုင်း ကိုယ့်ရဲ့ စိတ်က အလေ့အကျင့်ရလာတဲ့အခါ စိတ်ညစ်စရာတစ်ခါတွေ့တိုင်း ဘုရားရှိခိုးလိုက်တာ... ဘုရားပန်းရေချမ်းလဲလှယ်လိုက်တာ..ဂုဏ်တော်ပွါးလိုက်တာ..ကိုယ်နှစ်သက်အားသန်ရာ ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်လိုက်တာ...စတဲ့ ကုသိုလ်စိတ်ကလေးတွေနဲ့ အစားထိုးကြည့်ပါတဲ့။မှောင်နေတဲ့အခါ မီးအလင်း ရောင်လေးနဲ့ ထိုးလိုက်သလိုလင်းလက်လာပါလိမ့်မယ်။ ✨️ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ် အတွေးတွေထဲမှာ စိုးရိမ်စိတ်လေးတွေ အရမ်းများလာပြီဆိုရင် ကုသိုလ်အလင်းရောင်လေးတွေနဲ့ အစားထိုး ထွန်းညှိလိုက်ဖို့ကိုသာ သတိရလိုက်ပါတဲ့..နော်။ ✨️ Credit Writer: လွန်းထားထား (ဆေးတက္ကသိုလ်) ✨️ Audio by Ei Mon Oo. #AudioBooksLibraryByEiMon #EiMonOo #လွန်းထားထား #စိတ်ခွန်အားဖြည့်စာပေ #audiobook #myanmaraudiobook