У нас вы можете посмотреть бесплатно #သစ်တစ်ပင်ကောင်း_ငှက်တစ်သောင်း_နားခိုရသည် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုရသည်- အားလုံးကို - ဓမ္မဓရကောလိပ်နဲ့ ဒီကနေ့ကျင်းပတဲ့ ပညာရေးစုံညီပွဲတော်ကနေ နွေးထွေးလှိုက်လဲစွာ ကြိုဆိုပါတယ်။ ကောလိပ်မှာ လတ်တလောအနေနဲ့ ပါဠိ၊ မြန်မာနဲ့ အင်္ဂလိပ် ဘာသာစကားတွေကို တရားဝင် Medium အသုံးပြုခွင့်ပေးထားပါတယ်။ ရှေးဦးစွာအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ခွင့်ရ လုပ်နိုင်တဲ့အတွက် ကောလိပ်ကြီးကို တည်ထောင်ပေးတော်မူတဲ့ ဓမ္မဓရဆရာတော်ကို အထူးကျေးဇူးတင်ပါတယ်။ ထို့အတူပဲ ကောလိပ်မြေနေရာ စွန့်လှူတော်မူတဲ့ ညောင်ပင်ရှည်ကျောင်းဆရာတော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကောလိပ်ကြီး လည်ပတ်နိုင်အောင် ကာယအား/ဉာဏအားတွေနဲ့ အဖက်ဖက်က ဝိုင်းဝန်းကူညီက စောင့်ရှောက်ကြတဲ့ သင်ကြားစီမံ ကထိကဆရာတော်များ၊ ပညာရေးကဏ္ဍအသီးသီးမှ ပညာဒါနဆရာဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကောလိပ်ကြီးကို လောက/သာသနာအတွက် အကျိုးပြုတဲ့ Institution ကြီး ဖြစ်အောင် အားထုတ်ပြင်ဆင်ဆဲကာလမှာ ဆိုးတူကောင်းဖက် လက်တွဲဆောင်ရွက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက် ညီတော်နောင်တော်များဖြစ်ကြတဲ့ မော်ကွန်းထိန်းဆရာတော် ဒေါက်တာအရှင်သောဘန၊ တာဝန်ခံတွေ ဌာနမှူးဆရာတော်တွေဖြစ် ဦးနန္ဒက, ဦးဝိနယ, ဦးဩဘာသနဲ့ ဦးသုမင်္ဂလတို့ ဦးဆောင်တဲ့ ကောလိပ်နာယက၊ ကထိကတွေကို ကျေးဇူးတင်ပါတယ်။ ပညာရေးဆိုင်ရာ Institution တွေတိုင်းမှာ အုပ်ချုပ်ရေး၊ စီမံရေးနဲ့ သင်ကြားရေးဆိုပြီး မဏ္ဍိုင်ကြီးသုံးရပ်ရှိရာမှာ သုံးခုလုံးကို မညည်းမညူဘဲ စိတ်မကွက်ဘဲ ဆောင်ရွက်ပေးကြပြီး ကိုယ်တိုင်စိုက်ထူခွင့်ရတဲ့ ကောလိပ်သမိုင်းမှတ်တမ်းမှာ ကိုယ်တိုင်ပဲ ထင်ထင်ရှားရှား စိုက်ထူပေးနေကြပါတယ်။ တစ်ဆက်တည်းမှာပဲ မဏ္ဍိုင်သုံးရပ် လည်ပတ်နိုင်ရေး အခြေခံ အဆောက်အအုံနဲ့ အဆောက်အဦတွေ ဖြစ်ပေါ်လာအောင် ဦးဆောင် စီမံပေးကြတဲ့ ဘုန်းကြီးပဏ်၊ အင်ဂျင်နီယာ မတိုးတိုးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အလားတူပဲ၊ ကောလိပ်ကြီးကို ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး ပစ္စည်းလေးဖြာအပြင် ရေ-မီး-ပညာရေး စတဲ့ အထွေထွေ လိုအပ်ချက်များကို ဖြည့်လှူဒါန်းကြ စောင့်ရှောက်ထောက်ပံ့ကြတဲ့ ဒကာ/ဒကာမများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တပည့်တော်ကတော့ ကိုယ့်ကိုယ်ကို ဆရာကြီးဦးအောင်သင်းပြောတဲ့ “ဘုရားခန်းကနေ ခွေးကတတ်ရောက်အောင် သုံးကောင်းတဲ့ တံမြက်စည်းတစ်ချောင်း”လို ခံယူထားပါတယ်။ ခံယူထားတဲ့အတိုင်းလည်း ကောလိပ်ကြီး တိုးတက်ရာတိုးတက်ကြောင်းတွေကို လက်တွေ့လုပ်ပါတယ်။ တကယ်တော့ ဒီကနေ့ပွဲက ပညာရည်ချွန်ဆုရ ကိုရင်တွေနဲ့ အင်္ဂလိပ်စာသင်သင်တန်းက A1 & A2 Level ပြီးမြောက်ထားတဲ့ သင်တန်းသားတွေကို ဂုဏ်ပြုတဲ့ပွဲဖြစ်သလို ကျန်တဲ့ ကိုရင်များနဲ့ သင်တန်းသားများကိုလည်း ပိုပြီးတော့ ကြိုးစားလိုစိတ်တွေ ဖြစ်ပေါ်အောင် အားပေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုတွေ ဖြစ်လာအောင် ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပြီး ကိုယ်ပင်ပန်း စိတ်ပင်ပန်းမှုတွေကို ပဓာနမထားဘဲ ပညာဒါနပြုပေးကြတဲ့ ကောလိပ်ပညာရေးကဏ္ဍပေါင်းစုံမှ ကထိကဆရာတော်များ၊ ဆရာဆရာမများလုံးရဲ့ ကျေးဇူးများကို ကောလိပ်ကြီးအနေနဲ့ မော်ကွန်းတင်ပါတယ်။ ဓမ္မဓရဆရာတော်က တပည့်တော်နဲ့တွေ့တိုင်းလို “အလုပ်တွေဆိုတာ အသင့်ဖြစ်မှ စရတာမျိုးမဟုတ်ဘူး”လို့ မိန့်ကြားလေ့ရှိပါတယ်။ ဆရာတော်မိန့်တဲ့အတိုင်းပါပဲ၊ တပည့်တော့် ခံယူချက်ကလည်း “အလုပ်ဆိုတာ အသင့်ဖြစ်မှ စရတာမျိုး မဟုတ်ပါဘဲ၊ အသင့်ဖြစ်အောင်ပဲ စရတာပါ။” ရှင်သန်နေသမျှ အလုပ်လုပ်နေကြရပါမယ်။ လုပ်ရင်းနဲ့ သင်၊ သင်ရင်းနဲ့လုပ် အသက်ရှင်နေသမျှ လုပ်နေကြရမှာဖြစ်ပါတယ်။ ရှင်သန်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း အလုပ်လုပ်နေတာနဲ့ပဲ ဖွင့်ဆိုလို့ရနိုင်တယ်လို့ ယုံကြည်ပါတယ်။ တပည့်တော်တို့ ဒီမှာ အလုပ်လုပ်တဲ့အခါ လူကိုမူတည်မထားပါဘူး၊ အဖွဲ့အစည်းကို အဓိကထားတာပါ။ ဥပမာပြောရရင် သစ်ပင်ကြီးနဲ့တူတဲ့ ကောလိပ်ကြီးကို ရှင်သန်နေဖို့ ကြီးထွားနေဖို့ ဦးစားပေးကြိုးစားကြရပါမယ်။ အကိုင်းအခက်တွေ ဝေဆာလှပနေဖို့၊ အသီးအပွင့်တွေ ဖြစ်ထွန်းနေဖို့ဆိုတာ ပင်စည်, အရင်းအမြစ်က ပဓာနကျပါတယ်။ ဒါမှသာ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်”ဆိုတဲ့အတိုင်း ဖြစ်လာနိုင်သလို၊ ဘုရားရှင့်လမ်းစဉ်ဖြစ်တဲ့ “ဗဟုဇနဟိတ - အများတကာ အကျိုးရှိဖို့၊ ဗဟုဇနသုခ - ရဟန်းရှင်လူတွေ ချမ်းသာကြီးပွားဖို့နဲ့ လောကာနုကမ္ပက - လောကကို စောင့်ရှောက်ဖို့”ဆိုတာတွေနဲ့လည်း ညီညွတ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ မင်္ဂလာလမ်းညွှန်မှာ “ကုသိုလ် ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ”ဆိုတာ ရှိပါတယ်။ အမြဲနေဆိုတာက အနေမြဲဖို့ကို ဆိုလိုတာပါ။ ရေနွေးအိုးတစ်လုံးဟာ တင်လိုက်ချလိုက် မကြာခဏလုပ်နေရင် ဆူပွက်တဲ့အထိကို မရောက်သလို သင်တန်းတက် ကျောင်းတက် မမှန်တာ မမြဲတာ၊ အလုပ်တစ်ခုကို လေးလေးစားစားနဲ့ တန်ဖိုးထားပြီး စွဲစွဲမြဲမြဲ မလုပ်တတ်တာဟာ ကျရှုံးကြောင်း ဖြစ်ပါတယ်။ အောင်မြင်ဖို့ ကြီးပွားဖို့ရာ ရောဆူမှတ် Turning Point ရောက်တဲ့အထိ လုပ်ရပါတယ်။ ရှင်သာမဏေတွေ သင်တန်းသားတွေအတွက် ကောလိပ်ကြီးဟာ ပညာရတဲ့နေရာ၊ ဆရာဆရာမတွေအတွက် ကုသိုလ်ရတဲ့နေရာ၊ ပညာက ဥစ္စာကို ဖြစ်စေ ကြီးပွားချမ်းသာစေတယ်၊ ကုသိုလ်ကလည်း ဥစ္စာနဲ့ အလားသဏ္ဌာန်တူလို့ သံသရာမှာ ကြီးပွားချမ်းသာစေပါတယ်။ ဆရာကျောင်းသား နှစ်ဦးသားလုံးအတွက် ကောလိပ်ကြီးဟာ ပညာရော ဥစ္စာပါ ပေးနိုင် ရနိုင်တဲ့ သင့်တော်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒီသစ်ပင်ကြီး ထာဝရရှင်သန်ပြီး လောကလူသားတွေကိုကော သာသနာတော်မြတ်ကြီးကိုပါ အကျိုးပြုနိုင်အောင် ကျရာအခန်းကဏ္ဍ နိုင်ရာတာဝန်တွေ ကိုယ်စီယူပြီး စဉ်ဆက်မပြတ် ကြိုးစားကြပါစို့လို့ ပန်ကြား တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ မေတ္တာဖြင့်- ဒေါက်တာအရှင်ဥတ္တမာနန္ဒ ဓမ္မဓရကောလိပ်၊ မန္တလေးမြို့။ ၀၁/၀၂/၂၀၂၆ (တနင်္ဂနွေနေ့) (ကောလိပ်-ပညာရေးစုံညီပွဲတော် အဖွင့်ကြိုဆိုနှုတ်ခွန်းဆက် ဩဝဒါစကား မှတ်တမ်း)