У нас вы можете посмотреть бесплатно စစ်တပ်စခန်းတွေကို KNU ဆက်တိုက်သိမ်းပိုက် (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်တပ်စခန်းတွေကို KNU ဆက်တိုက်သိမ်းပိုက် (ရုပ်/သံ) ဧရာဝတီ၊ မေလ ၉၊ ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃၊ ၄၊ ၇ ထဲက စစ်ကောင်စီ စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ နှစ်ရက်အတွင်းမှာ ဆက်တိုက်သိမ်းပိုက် လိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာ ၄ နယ်မြေထဲက ထီးခီးစခန်း ၊ တပ်မဟာ ၇ နယ်မြေထဲက လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စခန်းနဲ့ တပ်မဟာ ၃ နယ်မြေအတွင်းက ခြေမြန်တပ်ရင်း ခမရ (၅၉၈) စခန်းတွေကို မေလ ၈ ရက် နဲ့ ၉ ရက်တွေမှာ သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာတဲ့အပြင် KNUရဲ့ တပ်မဟာ ၇ ခုလုံးမှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်ရေးအခြေအနေတွေကိုလေ့လာသုံးသပ်သူတွေကတော့ ဒီနှစ်ပိုင်းမှာ ကရင်စစ်ရေးပိုမို လှုပ်ရှားလာတာကိုတွေ့ရတာဖြစ်ပြီး ဒီတိုက်ပွဲတွေဟာ မွန်၊တနင်္သာရီနဲ့ ပဲခူးဒေသတွေက တော်လှန်ရေးအခြေအနေကို တွန်းအားပေးနိုင်တဲ့တိုက်ပွဲတွေ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ #မြန်မာ #ဧရာဝတီ #KNU #KNLA #ကရင်ပြည်နယ် #တပ်မဟာ #ထီးခီး #တခေါ်ဘီခွီး #ခမရ၅၉၈ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy