У нас вы можете посмотреть бесплатно Khit Thit Afternoon News | February 2, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ --ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ Sergei Shoigu ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံနိုင်တာမရှိသေးဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ် နေတာက ၁ ပတ်ကျော်ကြာမြင့်လာတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။ ရန်ကုန်နှင့်မန္တလေးမှာ စက်မှုဇုန်တွေ၊ အိမ်ရာတေွနှင့် စီးပွားရေးလုပ်ငန်းတွေကို LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်ကို ငွေကျပ် ၉၀၀ ကောက်ခံနေပြီလို့ ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရဲ့ အလှည့်ကျတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ နွေဦးတော်လှန်ရေး ၅ နှစ်တာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုတွေက အရှိန်မလျော့ သွားဘဲ ပိုမိုပြင်းထန်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက နိုင်ငံပေါင်း ၇၅ နိုင်ငံက လာမယ့်သူတွေကို အခြေချနေ ထိုင်ခွင့် ဗီဇာ (Immigrant Visa) ထုတ်ပေးတာကို ရပ်ဆိုင်းလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံသား တစ်စုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခွင့်အရေးအဖွဲ့တွေက ဒီနေ့ တရားစွဲဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။