У нас вы можете посмотреть бесплатно ပရိတ်ကြီး ၁၁ သုတ် - နတ်ပင့်-မေတ္တသုတ်-နတ်ပို့ (ပါဠိ[အသံ]-နိဿယ-စကားပြေ) နေ့စဉ်ပူဇော်ရန်။ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မေတ္တသုတ် အာနုဘော်ကြောင့် နတ်အများတို့ ကြောက်မက်ဖွယ် အာရုံကို မပြနိုင်ဟူသော အကျိုးကား မေတ္တသုတ်အဖွင့် အဋ္ဌကထာများလာ ဝတ္ထုအရ အကျိုးပြပင် ဖြစ်၏။ အခါတပါး ရဟန်းငါးရာတို့သည် ဘုရားမြတ်ထံမှ ကမ္မဋ္ဌာန်းယူ ပြီးလျှင် ဟိမဝန္တာနှင့် တစပ်တည်း တည်နေသော တောအုပ်တခုသို့ ဝင်ရောက်ကာ သစ်ပင်ရင်းများ၌ တရားအားထုတ်နေကြ၏။ ထိုရဟန်း တော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်များရှိ နတ်များမှာ သစ်ပင်၌ မနေဝံ့ကြပဲ ကလေးများကို လက်ဆွဲကာ လှည့်လည်နေကြကုန်၏။ တနေ့ ပြန်နိုးနိုး စောင့်နေခဲ့ရာ အရှင်များ မပြန်တော့မည်ကို သိရ၍ မနေဝံ့အောင် ညဉ့်အခါ ကြောက်မက်ဖွယ် အဆင်းအသံများ ပြကာ ခြောက်လှန့်ကြ ဧတာ့သည်။ ထိုအကြောင်းကြောင့် ရဟန်းများ ထိတ်လန့်ကြ၍ ရောဂါ အမျိုးမျိုးရကာ သမာဓိမရဖြစ်ကြရာ မိမိတို့ ဤအရပ်မှာ မနေသင့်ဟု ဆုံးဖြတ်ပြီးလျင် ဘုရားရှင်ထံ ကြွရောက်၍ ဤအကြောင်းကို လျှောက် ထားကြ၏။ မြတ်စွာဘုရားလည်း ဤရဟန်းများ ထိုနေရင်းအရပ်မှလွဲ၍ သပ္ပါယဖြစ်ရာ အခြားအရပ်မရှိဟု မြင်တော်မူ၍ ထိုအရပ်သို့ပင် ပြန်လည် နေကြရန် မိန့်တော်မူပြီးလျှင် ဤမေတ္တသုတ်ကို ကမ္မဋ္ဌာန်းအလို့ငှါ၎င်း အကာအကွယ် အရံအတားအလို့ငှါ၎င်း သင်ကြားပေးအပ်တော်မူခဲ့၏။ ရဟန်းတော်များလည်း ပြန်လာကြပြီးလျှင် ဘုရားရှင် သင်ပေးညွှန် ကြားအပ်သည့်အတိုင်း မေတ္တသုတ်ကို ရွတ်ဆိုလျက် မေတ္တာဘာဝနာကို ပွားများကြရာ နတ်အများက ချစ်မြတ်နိုးကြလျက် ဝတ်ကြီးဝတ်ငယ် များပင် ပြုလုပ်စောင့်ရှောက်ကြ၏။ ထိုရဟန်းများလည်း မေတ္တာ ဘာဝနာပါး၍ ထိုမေတ္တသုတ်ကို အခြေခံကာ ဝိပဿနာအားထုတ်ခြင်းဖြင့် ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ အားလုံးရောက်ကြလျက် မဟာပဝါ ရဏာနေ့၌ ဝိသုဒ္ဓိပဝါရဏာကို ပြုကြရကုန်သတတ်။ (အကျယ်ကို သုတ္တ- နိပါတ် ၁၉၁၊ ခုဒ္ဒကပါဌ ၂၁၅ အဋ္ဌကထာများ၌ ကြည့်ပါ။) #ပရိတ်ကြီး #ပရိတ်တရား #ပရိတ်တော်များ #ပါဠိ #နိဿယ #မြန်မာပြန် #မဟာဂန္ဓာရုံဆရာတော် #သပြေကန်ဆရာတော် #မင်္ဂလသုတ် #ရတနသုတ် #မေတ္တသုတ် #ခန္ဓသုတ် #မောရသုတ် #ဝဋ္ဋသုတ် #ဓဇဂ္ဂသုတ် #အာဋာနာဋိယသုတ် #ဗောဇ္ဈင်သုတ် #ပုဗ္ဗဏှသုတ်