У нас вы можете посмотреть бесплатно အရှေ့အလယ်ပိုင်းဒေသရေကြောင်း လုံခြုံရေးအတွက် အမေရိကန်ကအာမခံပေးနိုင်တယ်လို့ထရမ့်ပြော | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အရှေ့အလယ်ပိုင်းဒေသ ရေကြောင်း လုံခြုံရေးအတွက် အမေရိကန်က အာမခံပေးနိုင်တယ်လို့ ထရမ့်ပြော အရှေ့အလယ်ပိုင်း ဒေသတွင်း ရေလမ်းကြောင်းတွေရဲ့ လုံခြုံရေး အာမခံချက်ကို အမေရိကန်က ဖြည့်ဆည်းပေးနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးရဲ့ စစ်ပြုတိုက်ခိုက်မှုကို ခံရပြီးတဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ ရှိနေပြီး ကျဉ်းမြောင်းသွယ်လျတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချပစ်လိုက်ပါတယ်။ ဟောမုဇ်ဟာ ကမ္ဘာ့ရေနံ တင်ပို့မှု အားလုံးရဲ့ ၅ ပုံ ၁ ပုံစာလောက်ထိ များပြားတဲ့ ရေနံတွေ ဖြတ်သန်းပို့ဆောင်နေတဲ့ မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်ပြီး အဲဒီ ရေလက်ကြားကို ဖြတ်သန်းသမျှ ရေယာဉ်အားလုံးကို တိုက်ခိုက်မယ်လို့ အီရန်က ကြုံးဝါးထားပါတယ်။ တကယ်လည်း ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းရင်း ရေနံတင် သင်္ဘော ၄ စီးထက်မနည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် မတ်လ ၁ ရက်နေ့ကစလို့ ဟောမုဇ် ရေလက်ကြားမှာ သင်္ဘောတွေ ဖြတ်သန်းသွားလာမှု ရပ်တန့်သွားပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတလွှားမှာ ရေနံနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေအပေါ် အထူးစိုးရိမ်လာကြသလို နိုင်ငံတကာ ရေနံနဲ့ လောင်စာစျေးတွေလည်း မြင့်တက်လာပါတယ်။ ထရမ့်ကတော့ သူ့ရဲ့ အစိုးရဟာ ဟောမုဇ် ရေလက်ကြား အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်း ရေပြင်တွေမှာ ဘေးကင်းကင်းနဲ့ ကူးသန်း ခုတ်မောင်းနိုင်စေမယ့် အာမခံ ဝန်ဆောင်မှုမျိုးကို အရမ်း သင့်တော်တဲ့ စျေးနှုန်းတစ်ခုနဲ့ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောပါတယ်။ အဓိပ္ပါယ်ကတော့ ဟောမုဇ် ရေလမ်းကြောင်းမှာ ဖြတ်သန်းခုတ်မောင်းမှုအတွက် အမေရိကန်က လုံခြုံရေး အာမခံ ဝန်ဆောင်မှု တစ်ခုကို ထောက်ပံ့ပေးမှာဖြစ်ပြီး ဒေသတွင်း သင်္ဘောကုမ္ပဏီတွေက အဲဒီငွေကြေးကို ပေးချေရမှာ ဖြစ်ပါတယ်။ သင့်တင့်တဲ့ စျေးနှုန်းတစ်ခုနဲ့ဆိုရင် အမေရိကန်ဟာ ကမ္ဘာအနှံ့ စွမ်းအင်စီးဆင်းမှု လွတ်လွတ်လပ်လပ် ရှိနေအောင် စီမံကူညီပေးနိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။ ထရမ့်က သူဟာ အမေရိကန်ရဲ့ ဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း (DFC) အနေနဲ့ ပင်လယ်ကွေ့ ဒေသတွင်းက ရေကြောင်းကုန်သွယ်မှု အားလုံး၊ အထူးသဖြင့် စွမ်းအင်ကဏ္ဍနဲ့ ဆိုင်တဲ့ ကုန်သွယ်မှုတွေအတွက် ဘေးကင်းမှု အာမခံနိုင်ရေးဆိုင်ရာ သင့်တော်တဲ့ စျေးနှုန်းနဲ့ မူဝါဒမျိုးတွေ ထောက်ပံ့ရေးဆွဲပေးဖို့ ညွှန်ကြားထားကြောင်း မတ်လ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကို လက်ခံကြမယ် ဆိုရင်တော့ လိုအပ်လာတဲ့ အခြေအနေတွေမှာ အမေရိကန် စစ်သင်္ဘောတွေကပါ ရေယာဉ်တွေကို ခြံရံလိုက်ပါ စောင့်ရှောက်ပေးသွားမယ်လို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ စစ်ပွဲသာ ကြာရှည် နေဦးမယ် ဆိုရင် အမေရိကန်က အာမခံ ကမ်းလှမ်းရုံနဲ့တင် နိုင်ငံတကာ ရေယာဉ်တွေက ဟောမုဇ်ကို ပြန်လည် ဖြတ်သန်းဖို့ ယုံကြည်ချက် မရှိနိုင်လောက်သေးကြောင်း ထောက်ပြထားပါတယ်။ ထရမ့်ရဲ့ ကြေညာချက် အပြီးမှာတော့ ရေနံစျေးက ကျရိပ်နည်းနည်း ပြန်ပြလာခဲ့ပါတယ်။ ထရမ့်က သူဟာ စွမ်းအင် ဝန်ကြီး ခရစ္စရိုက်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တို့နဲ့လည်း လက်ရှိ စွမ်းအင်ရေးရာ စိန်ခေါ်မှုတွေအတွက် အစည်းအဝေး လုပ်သွားမယ်လို့ ပြောပါတယ်။ မတ်လ ၂ ရက်နေ့တုန်းကတော့ အီရန် အရာရှိ တစ်ဦးက ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ဘယ်ရေယာဉ်မဆို မီးလောင်တိုက် အသွင်းခံရမယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။ ကိုးကား: BBC 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA